LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)

10 November 2019
LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)
Premier League November 10, 23:00

Liverpool
3 - 1 (FT)
Fabinho 6' Salah 13' Mane 51' Bernardo Silva 78'
Anfield
Kick Off - 46 Min

လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲချိန် ဒုတိယပိုင်း ပြန်လည်စတင််လိုက်ပြီ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက စပေးဘော ပေးရမယ် ခင်ဗျာ..။

Liverpool 2 - 0 Man City (HT)

လီဗာပူးလ်အသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ ပထမပိုင်းပွဲချိန်တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲချိန်ဒုတိယပိုင်းမှာလည်း လီဗာပူးလ်က အနိုင်ကို ဆက်ထိန်းထားနိုင်မလား၊ မန်စီးတီးကပဲ ချေပဂိုးတွေ လိုက်လံသွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

45 Min

လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့ ပထမပိုင်းပွဲချိန်တွေကတော့  ပြီးဆုံးတော့မှာဖြစ်တယ်ခင်ဗျာ။ လီဗာပူးလ်အသင်းက ပွဲအစပိုင်း သွင်းဂိုးတွေနဲ့ ဦးဆောင်နေခဲ့ပြီး မန်စီးတီးအသင်းက လိုက်လံချေပဖို့ ကြိးစားနေပေမယ့် အခုအချိန်အထိတော့ အလုပ်မဖြစ်သေးဘူးခင်ဗျာ။

လက်ရှိအချိန်မှာလည်း မန်စီးတီးထက် လီဗာပူးလ်တိုက်စစ်ကတောင် အလုပ်ဖြစ်နေဆဲဖြစ်ပြီး မန်စီးတီးဂိုးပေါက်ကို အများကြီး ခြိမ်းခြောက်နေခဲ့ပါတယ်။

43 Min

အဂွီရိုရဲ့ ကန်သွင်းချက်က ဂိုးပေါက်နဲ့ ကပ်ပြီး လွဲသွားခဲ့ပြန်ပြီခင်ဗျာ။ မန်စီးတီးရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ အဂွီရိုတစ်ယောက် အခွင့်အရေးတွေ ရနေခဲ့ပေမယ့်လည်း သူ့ရဲ့ ကန်ချက်တွေကတော့ ဂိုးပေါက်နဲ့ ကပ်ပြီး လွဲနေခဲ့တာကို တွေ့နေရပါတယ်။

41 Min

လီဗာပူးလ်တိုက်စစ်မှူး ဆာလက် တစ်ယောက် ဖာနန်ဒင်ဟို ရဲ့ ဖျက်ထုတ်မှုကို ခံလိုက်ရပြီးနောက် ဒဏ်ရာရသွားတာကို တွေ့နေရပါတယ်။ ဆေးအဖွဲ့က ဝင်ရောက်ကုသမှု ပေးနေခဲ့တယ်ခင်ဗျာ။