LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)

10 November 2019
LIVE: လီဗာပူးလ် ၃-၁ မန်စီးတီး (Full-time)
Premier League November 10, 23:00

Liverpool
3 - 1 (FT)
Fabinho 6' Salah 13' Mane 51' Bernardo Silva 78'
Anfield
54 Min

ဟန်ဒါဆင်ရဲ့ ညာခြမ်းက ပေးပို့မှုကနေ မာနေးတစ်ယောက် ခေါင်းတိုက်အဆုံးသတ်သွားတာက တကယ်ပဲ ကောင်းလွန်းတယ် ခင်ဗျာ။ မန်စီးတီး ဂိုးသမား ဘရာဗို အတွက်တော့ အိပ်မက် ဆိုးမက်မယ့် ည လို့ ပြောရမှာဖြစ်ပြီး လီဗာပူးလ်ရဲ့ အခွင့်အရေး မှန်သမျှကို ဂိုးအဖြစ် ခွင့်ပြုပေးနေရပါတယ်။

Goal!!!

လီဗာပူးလ်ကတော့ တိုက်စစ်မှူး မာနေးရဲ့ ခေါင်းတိုက်ဂိုးနဲ့ တတိယမြောက်သွင်းဂိုး ရသွားပြန်ပြီခင်ဗျာ။

52 Min

ဒီပုံစံအတိုင်းဆိုရင်တော့ လီဗာပူးလ်အနေနဲ့ ချေပဂိုးတစ်ဂိုးကို ပေးလိုက်ရဖို့အတွက် အခွင့်အရေးများနေတယ်ခင်ဗျာ။ မန်စီးတီးတိုက်စစ်က ဒုတိယပိုင်းစပြီဆိုတာနဲ့ တောက်လျှောက်ဖိအားပေးနေခဲ့ပြီး ချေပဂိုးရဖို့ကြိုးစားနေတာကို တွေ့ပါတယ်။

50 Min

မန်စီးတီးအသင်း တိုက်စစ်မှူး စတာလင် က ဘယ်ခြမ်းကနေ ထိုးဖောက်မှုတွေ တောက်လျှောက်လုပ်နေတာကို တွေ့နေရပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ခံစစ်က အာနိုးလ် ကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိသေးဘူး ခင်ဗျာ။

48 Min

မန်စီးတီးအသင်းရဲ့ အရန်စာရင်းမှာ မာရက်ဇ်၊ ဒေးဗစ်ဆေးလ်ဗား၊ ဖိုဒန်၊ ဂျီးဆပ် တို့ရှိနေကြလို့  ဒုတိယပိုင်းမှာ ဂွာဒီယိုလာအနေနဲ့ လူစားလဲမှုတွေ ဘယ်လို ပြုလုပ်သွားမလဲဆိုတာ စောင့်ကြည့်ရမယ် ခင်ဗျာ။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly