LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)

19 January 2020
LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)
Premier League January 19, 23:00

Liverpool
2-0 FT
Virgil van Dijk 14' Salah 90+3
Anfield
55 Min

ဘရန်ဒန်ဝီလီယံ လို ကစားသမားလေးကို ဒီနေ့ပွဲမှာ သုံးခဲ့တဲ့ နည်းပြ ဆိုးလ်ရှားရဲ့ လူထုတ်ပုံကတော့ မန်ယူပရိသတ်တွေအတွက် စိတ်ပျက်စရာလို့ ပြောရမယ် ခင်ဗျာ။ အရန်ခုံမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ ရှိနေပေမယ့်လည်း ဆိုးလ်ရှားကတော့ ဒီ လူငယ်လေးကို လီဗာပူးလ်လို အသင်းမျိုးနဲ့ရင်ဆိုင်စေခဲ့တာပါ။

54 Min

ဟန်ဒါဆင်ရဲ့ ဂိုးဧရိယာအပြင်က ကန်ချက်က ဂိုးတိုင်ထိပြီး ထွက်သွားခဲ့လို့ မန်ယူအသင်း သက်သာရာ ရသွားခဲ့တယ် ခင်ဗျာ။

52 Min

လီဗာပူးလ်ကတော့ ပွဲစပြီဆိုတာနဲ့ မန်ယူအသင်းဖက်ကို ဖိအားပေးနေပြီ ခင်ဗျာ။ ဆာလက်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေကို တွေ့နေရတာပဲဖြစ်ပါတယ်။

50 Min

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားလင်ဂတ်ကတော့ ဒီနေ့ပွဲမှာ အရန်အဖြစ်သာ ရှိနေခဲ့ပြီး သူ့ရဲ့နေရာကို လုခ်ရှောဆီ လွှဲပေးထားခဲ့ရတာပါ။ မာတာ၊ ဂရင်းဝုဒ်၊ ဘိုင်လီ ၊ ဖေးလ်ဂျုံးစ်နဲ့ ဒါလော့ တို့လည်းအရန်ခုံမှာ ရှိနေကြတယ် ခင်ဗျာ။

48 Min

လီဗာပူးလ်အသင်းရဲ့ အရန်စာရင်းမှာတော့ ဂျပန်သားလေး မီနာမီနို ၊ ဒဏ်ရာကနေ ပြန်ပြီးသက်သာလာခဲ့တဲ့ ဖာဘင်ဟို ၊ လယ်လာနာ ၊ မာတစ် ၊ အိုရီဂီ တို့ရှိနေကြတယ် ခင်ဗျာ။