LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)

19 January 2020
LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)
Premier League January 19, 23:00

Liverpool
2-0 FT
Virgil van Dijk 14' Salah 90+3
Anfield
65 Min

မာရှယ် တစ်ယောက် လီဗာပူးလ်အသင်း ဂိုးဧရိယာထဲမှာ အပိုင်ကန်သွင်းခွင့်ရရှိခဲ့တာ ခင်ဗျာ။ ဂိုးသမားနဲ့ အနီးကပ် ကန်ခွင့်ရခဲ့ပေမယ့် အားကုန်ထုတ်ပြီး ကန်လိုက်တာကြောင့် သူ့ကန်ချက်က မိုးပေါ်ထောင်သွားခဲ့တာပါ။ မန်ယူအသင်းအတွက် ချေပဂိုးရဖို့ နစ်နာသွားခဲ့ရပါပြီ။

63 Min

မန်ယူကွင်းလယ်လူ ဖရက်ဒ်ရဲ့ ကန်သွင်းမှုက ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားခဲ့တယ် ခင်ဗျာ။ မန်ယူအသင်းအတွက် ဒီပွဲစဉ်မှာ ဒုတိယမြောက် ဂိုးကန်သွင်းမှု ဖြစ်ခဲ့တာပါ။

61 Min

လီဗာပူးလ်ဟာ မန်ယူနဲ့နောက််ဆုံးကစားခဲ့တဲ့ (၁၀)ပွဲမှာ (၉)ပွဲအထိ မရှုံးအောင် ကစားထားနိုင်ခဲ့တာကလည်း ဒီပွဲရဲ့ အားသာချက်တစ်ခု ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။ လက်ရှိအချိန်အထိတော့ လီဗာပူးလ်က သူတို့ရဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းဖို့ အခြေအနေ ကောင်းနေတယ် ခင်ဗျာ။

59 Min

ဘစ်ဆာကာ ကို လှည့်စားသွားတဲ့ ဖာမီနို ရဲ့ ဘောလုံးစွမ်းရည်ကို မြင်နေရတာပါ။ ဘရာဇီးကစားသမားဟာ ဘစ်ဆာကာ ကို (၃)ကြိမ်လောက်အထိ လှည့်စားနေခဲ့ပြီး ဘစ်ဆာကာ ကတော့ တော်တော်လေး ကြံ့ကြံ့ခံပြီး ဖျက်ထုတ်နေရတယ် ခင်ဗျာ

57 Min

ဒုတိယပိုင်းပြန်စလို့ (၁၀)မိနစ်အတွင်းမှာတင် လီဗာပူးလ်က မန်ယူဖက်ကို ဂိုးကန်သွင်းမှု (၄)ကြိမ်လောက် ရနေခဲ့ပြီ ခင်ဗျာ။ မန်ယူ ကစားသမားတွေက လီဗာပူးလ်ရဲ့အဝေးကန်ချက်တွေကို ခွင့်ပြုနေခဲ့ရပြီး ထောင့်ကန်ဘောတွေလည်း မကြာခဏဆိုသလို ပေးနေရတာပါ။ လက်ရှိအချိန်အထိတော့ လီဗာပူးလ်က ထောင့်ကန်ဘော (၁၁)ခါ ရထားပြီး မန်ယူကတော့ တစ်ခါမှ မရသေးပါဘူး။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly