Live: Leicester City 2-0 Arsenal (Full-time)

09 November 2019
Live: Leicester City 2-0 Arsenal (Full-time)
Premier League November 10, 00:00

Leicester City
2-0 (FT)
Vardy 68' Maddison 75'
King Power Stadium
44 Min

လက်စတာအသင်းရဲ့ ဒီတစ်ကြိမ်ရတဲ့ ပြစ်ဒဏ်ဘောကို မက်ဒီဆင် ကန်သွင်းခဲ့ပြီး ဘားတန်းပေါ်က လက်တစ်လုံးလောက်ပဲ ကပ်ထွက်သွားခဲ့တာခင်ဗျာ။ ဂိုးသမား လီနို ကတော့ ရပ်ကြည့်ရုံသာ တတ်နိုင်တဲ့အနေအထားပဲဖြစ်ပြီး ကံကောင်းလို့သာ ဂိုးအဖြစ် ပြောင်းလဲမသွားခဲ့တာပါ။

42 Min

တော်ရဲရား ဖျက်ထုတ်တာ ကြမ်းခဲ့လို့ အာဆင်နယ်အသင်း ပြစ်ဒဏ်ဘော ပေးခဲ့ရပြန်တယ်ခင်ဗျာ။ တော်ရဲရားရဲ့ မကြာခဏ ပြစ်ဒဏ်ကျူးလွန်မှုတွေအတွက် ကွင်းလယ်ဒိုင်က သတိပေးနေပါပြီ။

41 Min

ပထမပိုင်းပြီးဖို့ မိနစ်အနည်းငယ်ပဲ လိုပါတော့တယ်။ နှစ်သင်းစလုံးက ဖွင့်ကစားနေကြပေမယ့် သွင်းဂိုးတွေကိုတော့ အခုအချိန်အထိ မတွေ့ရသေးဘူးခင်ဗျာ။

39 Min

လက်စတာအသင်းက အခွင့်အရေးတွေ တစ်ကြိမ်ပြီး တစ်ကြိမ်ရနေတာကို တွေ့နေရပါတယ်။ တိုင်လီမန်းရဲ့ ဂိုးဧရိယာအပြင်က ကန်ချက်တွေ လွဲချော်နေခဲ့သလို ဗာဒီရဲ့အပိုင်အခွင့်အရေးတွေလည်း လွဲချော်ခဲ့ရလို့ လက်စတာတို့ အခုအချိန်အထိ ဦးဆောင်ဂိုးနဲ့ ဝေးနေခဲ့တာခင်ဗျာ။

37 Min

အူဘာမီယန်းတစ်ယောက် ဘယ်ခြမ်းမှာရော ညာခြမ်းမှာပါ ကစားဖို့  ကြိုးစားနေတာကို မြင်နေရပါတယ်။ အာဆင်နယ်ရဲ့အသင်းခေါင်းဆောင်သစ်ဟာ အစွမ်းကုန်ကြိုးစားနေပြီး အာဆင်နယ်အသင်းဂိုးရဖို့အတွက် တိုက်စစ်ကို ဦးဆောင်နေခဲ့တယ်ခင်ဗျာ။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly