LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)

21 December 2019
LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)
Premier League December 21, 19:00

Everton
0-0 (FT)

Stadium: Goodison Park

55 Min

အာဆင်နယ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကနေ အူဘာမီယန်း တစ်ယောက် အပိုင်ကန်ခွင့်ရခဲ့တာ ခင်ဗျာ။ ဒါပေမယ့် ဂိုးဧရိယာအစပ်နားက ကန်ချက်ဟာ အားပျော့သွားခဲ့ပြီး ဂိုးသမား ပစ်ဖို့ဒ်တစ်ယောက် အလွယ်တကူပဲ ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

53 Min

အာဆင်နယ်နောက်ခံလူ ချန်ဘာရဲ့ ပိတ်သွင်းမှုကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် အသည်းအသန် ကာကွယ်ခဲ့ရတာ ခင်ဗျာ။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားလာကြလို့ ပွဲက ပိုပြီး ကြည့်ကောင်းလာတာကို တွေ့နေရပါတယ်။

52 Min

တန်ပြန်တိုက်စစ်ကနေ အာဆင်နယ်အသင်း ထိုးဖောက်လာနေတာကို တွွေ့နေရတာပါ။ ဆာကာ ရဲ့ ထိုးဖောက်မှုကနေ အာဆင်နယ်အသင်း ထောင့်ကန်ဘောရရှိသွားခဲ့တာ ခင်ဗျာ။ ဒီပွဲအတွက် အာဆင်နယ်အသင်းရခဲ့တဲ့ ပထမဆုံးထောင့်ကန်ဘောပါ။ ပွဲချိန် ပထမပိုင်းတစ်ခုလုံးမှာ အာဆင်နယ်အသင်း ထောင့်ကန်ဘောတစ်ခါမှ မရခဲ့ဘူးဆိုတာကို ပရိသတ်တွေပိုပြီး သတိထားမိသွားကြတယ် ခင်ဗျာ။

50 Min

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆင် တစ်ယောက် အာဆင်နယ်အသင်းဂိုးဧရိယာထဲမှာ အပိုင်ကန်သွင်းခွင့်တစ်ကြိမ် ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့တယ် ခင်ဗျာ။ ဒုတိယပိုင်းစတယ်ဆိုရင်ပဲ အဲဗာတန်အသင်းက ဖိအားပေးနေပြီး ဂိုးကန်သွင်းခွင့်တွေလည်း ရရှိနေပြီဖြစ်ပါတယ်။

48 Min

အာဆင်နယ်အသင်းဟာ သူတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် (၅)ပွဲမှာ (၅)ပွဲစလုံး ဂိုးအများတွေချည်း ဖြစ်ခဲ့တာမို့ ဒီပွဲမှာလည်း နှစ်သင်းပေါင်းသွင်းဂိုးတွေ ဆက်ပြီး များနေဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့်လည်း ပထမပိုင်းမှာ ဂိုးမရှိ သရေပဲဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဂိုးတွေသွင်းဖို့တော့ လိုအပ်နေတာခင်ဗျာ။