LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)

21 December 2019
LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)
Premier League December 21, 19:00

Everton
0-0 (FT)

Stadium: Goodison Park

65 Min

ပွဲချိန် ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းက ပိုပြီး အသာရနေတာကိုတွေ့နေရပါတယ်။ ထောင့်ကန်ဘောတွေ၊ ဂိုးကန်သွင်းမှုတွေမှာ အာဆင်နယ်က ပိုမိုအသာရလာခဲ့ပြီး အဲဗာတန်ကတောင် တန်ပြန်တိုက်စစ် ပြန်ကစားနေရပြီ ခင်ဗျာ။

63 Min

အာဆင်နယ်အသင်းရခဲ့တဲ့ ထောင့်ကန်ဘောကနေ ဂိုးရဖို့ နီးစပ်ခဲ့တာကို တွေ့နေရတာပါ။ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကတော့ သိသိသာသာအရပ်မမြင့်ပေမယ့်လည်း ပေါ့ပေါ့ပါးပါးနဲ့ လေပေါ်မှာ ဘောလုံးဖမ်းယူမှုတွေကို လုပ်နေနိုင်တယ် ခင်ဗျာ။

61 Min

ဒီပွဲအတွက် အကောင်းဆုံးခြေစွမ်းပြနေတာကတော့ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားပဲဖြစ်ပြီး အာဆင်နယ်ရဲ့ ခံစစ်ဟာ သူ့ကြောင့် ပိုပြီး လုံခြုံနေခဲ့တာလို့တောင် ပြောရမလားပါပဲ။ အဲဗာတန်ရဲ့ ကွင်းလယ်က တိုက်စစ်ဆင်မှုတွေကို သူက မနားမနေလိုက်ဖျက်နေတာကို မြင်နေရတယ်ခင်ဗျာ။

59 Min

ဆာကာ ရဲ့ ဒီတစ်ကြိမ်ဖျက်ထုတ်မှုက တော်တော်လေး အန္တရာယ်များခဲ့ပြီး အနီကတ်တောင် ထိသွားနိုင်တဲ့ အခြေအနေပါ။ ပထမပိုင်းမှာ အဝါကတ် အပြခံထားရတဲ့ ဆာကာ တစ်ယောက် ခြေထောက်ကို လေပေါ် တော်တော််မြှောက်ဝင်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်ကတော့ VAR နဲ့ ပြန်လည်စစ်ဆေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

57 Min

အာဆင်နယ်ခံစစ်ကစားသမားတွေကတော့ ဆစ်ဂတ်ဆင် တစ်ယောက် သူ့ရဲ့ နာမည်ကျော် အဝေးကန်ချက်တွေ ကန်ခွင့်မရအောင် လူကပ်ထားနိုင်ခဲ့ကြပါတယ်။ ဂိုးဧရိယာအပြင်က ကန်သွင်းချက်တွေကြောင့် နာမည်ကျော်နေတဲ့ ဆစ်ဂတ်ဆင် ဟာ အခုအချိန်အထိ ကန်သွင်းခွင့် မယ်မယ်ရရ မရှိသေးပဲ တော်ရဲရား၊ ဇာခါ တို့ရဲ့ ဖျက်ထုတ်မှုတွေကို ခံနေရတာ ခင်ဗျာ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly