LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်

11 January 2020
LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်
Premier League January 11, 19:00

Crystal Palace
1-1
Jordan Ayew 54' Aubameyang 12'
 
Selhurst Park
Red Card!!

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းရဲ့ ဖျက်ထုတ်မှုက ကြမ်းလွန်းလို့ အနီကတ် ပြသင့်၊မပြသင့်ကို VAR နဲ့ ဆုံးဖြတ်နေခဲ့တာ ခင်ဗျာ။ VAR ရဲ့ ဆုံးဖြတ်ချက် အပြီးမှာတော့ အနီကတ်နဲ့ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

Yellow Card!!

အာဆင်နယ်အသင်းခေါင်းဆောင် မူဘာမီယန်း ကတော့ မက်စ်မေယာ ကိုဖျက်ထုတ်တာ ကြမ်းခဲ့လို့ အဝါကတ် ပြသခံလိုက်ရပါတယ်။ အာဆင်နယ်အသင်းမှာ အဝါကတ်အပြခံရတဲ့ ကစားသမား (၃)ဦးရှိသွားခဲ့ပြီ ခင်ဗျာ။

63 Min

ကြည့်ရတာတော့ အာဆင်နယ်ကွင်းလယ်က သိသိသာသာ ကစားအားကျနေခဲ့တာ ခင်ဗျာ။ ပထမပိုင်းမှာ ခြေစွမ်းပြခဲ့တဲ့ အိုဇေးလ်တစ်ယောက် ကစားအားကျသွားတာနဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေလည်း သေသွားခဲ့တာကို မြင်နေရတာပါ။

61 Min

အာဆင်နယ်အသင်းရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ လာကာဇက် ခေါင်းတိုက်အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း နည်းနည်းလေး လွဲသွားခဲ့တာ ခင်ဗျာ။

59 Min

ပဲလေ့စ် ကွင်းလယ်လူ မက်စ်မေယာ ရဲ့ ဂိုးရဖို့ ကြိုးစားမှုကို မြင်နေရတာပါ။ အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းကတော့ ပေးဂိုးတစ်ဂိုး ပေးလိုက်ရပြီးနောက်ပိုင်းမှာ သိသိသာသာ လျော့ရဲလာခဲ့တယ် ခင်ဗျာ။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly