LIVE Commentary: Everton 1 - 1 Tottenham (Full-time)

03 November 2019
LIVE Commentary: Everton 1 - 1 Tottenham (Full-time)
Premier League November 3, 23:00

Everton
1 - 1

Cenk Tosun 90+7' Dele Alli 63'
Stadium: Goodison Park
67 Min

ဒီပွဲမှာ အဲဗာတန်အသင်း အသာစီးရမယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ စပါးအသင်းက ဦးဆောင်ဂိုးရသွားခဲ့ပြီ ခင်ဗျာ။ အဲဗာတန်နည်းပြ ဆေးလ်ဗားကတော့ တိုက်စစ်အတွက် တိုဆန် ကို ထည့်ပြီး ကစားစေတော့မှာပါ။

65 Min

အဲဗာတန်အသင်းပေးလိုက်ရတဲ့ဂိုးကတော့ အီဝိုဘီကြောင့်လို့ပဲ ပြောရမယ်ခင်ဗျာ။ ခံစစ်ကစားသမားဆီ ပေးလိုက်တဲ့ဘောလုံးကို ဆွန်ဟောင်မင် ရသွားခဲ့ပြီး အယ်လီ ဆီ ကို ထိုးပေးရာကတစ်ဆင့် စပါးအသင်း ဂိုးရသွားခဲ့တာကြောင့်ပါ။

Goal!!!

ဒယ်လီအယ်လီရဲ့ ကန်သွင်းချက်က ဂိုးအဖြစ်ပြောင်းလဲသွားခဲ့တယ်ခင်ဗျာ။ လှပတဲ့အဆုံးသတ်နဲ့ ကန်သွင်းမှုပါပဲ။

63 Min

ရစ်ချာလီဆန်ရဲ့ ဒီတစ်ကြိမ်ကန်ချက်က ဂိုးဝင်သွားပြီလို့တောင် ထင်ခဲ့တာ ခင်ဗျာ။ ဒါပေမယ့် ဂိုးသမား တည့််တည့်ကြီးဆီ ကန်မိသွားလို့ စပါးဂိုးသမားက ကာကွယ်လိုက်နိုင်ခဲ့ပါတယ်။

61 Min

စပါးအသင်းက ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု (၆၂)ရာခိုင်နှုန်းအထိရှိနေပြီး အဲဗာတန်အသင်းကတော့ (၃၈)ရာခိုင်နှုန််းသာ ရှိထားခဲ့တယ်ခင်ဗျာ။ ဆီဂတ်ဆန်ကို ထည့်မသုံးတဲ့ မာကိုဆေးလ်ဗားရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာဖြစ်နေပြီး အဲဗာတန်ရဲ့အဝေးကန်သွင်းချက်တွေ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲပါ။

Updates

4 years 7 months ago
4 years 7 months ago
4 years 7 months ago
4 years 7 months ago

Pages

Mizzima Weekly