Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)

16 February 2020
Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)
Premier League February 16, 23:00

Arsenal
4-0 (FT)
Aubameyang 54' Pepe 57' Ozil 90' Lacazette 90'+5
 
Stadium: Emirates Stadium
88 Min

အာဆင်နယ်အသင်းကတော့ ဆီဘယ်လို့စ်ရဲ့နေရာမှာ တော်ရဲရားကို ထည့်သွင်းကစားလိုက်ပြီ ခင်ဗျာ။

86 Min

အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမား ဆာကာ ကတော့ ဘောလုံးရယူဖို့ ကြိုးစားရင်း ကြမ်းကြမ်းတမ်းတမ်း ဖျက်လိုက်သလို ဖြစ်သွားခဲ့လို့ ကွင်းလယ်ဒိုင်ရဲ့ အဝါကတ် ပြသခြင်းကို ခံလိုက်ရပြီ ခင်ဗျာ။

84 Min

မက်ဆီမင် တစ်ယောက် အာဆင်နယ်အသင်း ဘယ်ခြမ်းကနေ ထိုးဖောက်ပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ် နောက်ခံလူတွေ တားဆီးနိုင်လိုက်တယ် ခင်ဗျာ။ အာဆင်နယ်ခံစစ်က ဒီနေ့ပွဲမှာတော့ ပုံစံကောင်းပြနေပြီး ဒေးဗစ်လုဇ်နဲ့ မူစတာဖီ တို့ အတွဲညီနေတာကို တွေ့နေရပါတယ်။

82 Min

အာဆင်နယ်အသင်းကနေ ထွက်ခွာမယ်လို့သတင်းတွေ ထွက်နေခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းကတော့ သူ့ရဲ့အခန်းကဏ္ဍဟာ အာဆင်နယ််အတွက် ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာ ပြသနေသလိုပါပဲ။ သူက အသင်းအတွက် အဖွင့်ဂိုးကို သွွင်းယူပေးခဲ့ပြီး အာဆင်နယ်ရဲ့ တိုက်စစ်မှာ အရေးကြီးတဲ့ တာဝန်တွေကို ယူထားခဲ့တယ် ခင်ဗျာ။

80 Min

နယူးကာဆယ်အသင်းကတော့ ကွင်းလယ်လူ လာဇာရိုနဲ့ ဟေဒန်တို့ကို လဲလိုက်ပြီး ရစ်ချီ နဲ့ ဖာနန်ဒက်ဇ် တို့ကို လဲလိုက်ပြီ ခင်ဗျာ

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly