Live: ဘုန်းမောက် ၂-၂ ချယ်လ်ဆီး (Full-time)

29 February 2020
Live: ဘုန်းမောက် ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 29, 21:30

Bournemouth
2-2 (FT)
Lerma 54' Joshua King 57' Alonso 33' 85'
Stadium: Dean Court
56 Min

ညာခြမ်းကနေ ထိုးဖောက်လာတဲ့ မေဆွန်မောင့်တ်ရဲ့ ပေးပို့မှုကနေ အလွန်ဆို ဂိုးရဖို့ တော်တော်လေး နီးစပ်ခဲ့တာ ခင်ဗျာ။ ဒါပေမယ့် ဘုန်းမောက် ခံစစ်ပိုင်းက အချိန်မီလေး ဖျက်သွားနိုင်ခဲ့တာပါ။

54 Min

ဘုန်းမောက်အသင်းရဲ့ အားကိုးရတဲ့ ကွင်းလယ်လူ ဖရေဇာ ကတော့ ဒီပွဲမှာ ညာခြမ်းကနေ ချယ်လ်ဆီးကို ဖိအားပေးကစားဖို့ ကြိုးစားနေတယ် ခင်ဗျာ။ ဘီလင်း နဲ့ ဖရေဇာတို့ရဲ့ အတွဲအဖက်က ချယ်လ်ဆီးခံစစ်ကို ဖိအားပေးနေခဲ့တာပါ။

52 Min

ဘုန်းမောက်အသင်း ကွင်းလယ်လူ ဖရေဇာ တစ်ယောက် ချယ်လ်ဆီးဂိုးဧရိယာထဲမှာ လဲကျသွားခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်ကတော့ ပင်နယ်တီအဖြစ် သတ်မှတ်ပေးဖို့ ငြင်းဆန်လိုက်ပါတယ််။

50 Min

ချယ်လ်ဆီးအသင်းကတော့ ဘုန်းမောက်နဲ့ ဆန့်ကျင်ဖက် အခြေအနေဖြစ်ပြီး ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲမှာ နိုင်ပွဲ တစ်ပွဲသာ ရရှိခဲ့တာပါ။ တိုက်စစ်မှူးတွေ ဒဏ်ရာရနေတာကြောင့်ချယ်လ်ဆီးရဲ့ တိုက်စစ်ကစားပုံက သိသိသာသာကျသွားခဲ့ပြီး ခံစစ်ကလည်း ပေးဂိုးတွေ ခွင့်ပြုလာခဲ့ရတာပါ။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ချယ်လ်ဆီးခံစစ်က ဘုန်းမောက်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ကာကွယ်ထားနိုင်ဆဲပဲ ခင်ဗျာ

48 Min

ဘုန်းမောက်အသင်းက တန််းဆင်းဇုန်နဲ့ (၂)မှတ်အကွာမှာ ရောက်နေပေမယ့် အိမ်ကွင်းကစားပုံကတော့ အကောင်းဆုံး ပုံစံမှာရှိနေတာပါ။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် (၅)ပွဲမှာ (၇)မှတ်အထိ ရယူထားနိုင်ခဲ့ပြီး အာဆင်နယ်လို အသင်းမျိုးကိုတောင် သရေရအောင် ကစားထားနိုင်ခဲ့တာ ခင်ဗျာ။ အခု ပွဲချိန် ဒုတိယပိုင်းမှာရော သူတို့ ဘာတွေ လုပ်ပြနိုင်ဦးမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly