Live: ဘုန်းမောက် ၂-၂ ချယ်လ်ဆီး (Full-time)

29 February 2020
Live: ဘုန်းမောက် ၂-၂ ချယ်လ်ဆီး (Full-time)
Premier League February 29, 21:30

Bournemouth
2-2 (FT)
Lerma 54' Joshua King 57' Alonso 33' 85'
Stadium: Dean Court
64 Min

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ကတော့ ကွင်းဘေးကနေပြီး ကစားသမားတွေကို အော်ဟစ်နေခဲ့ပြီ ခင်ဗျာ။ ဘုန်းမောက်လို အသင်းမျိုးရဲ့ တိုက်စစ်ကို (၂)ဂိုး ခွင့်ပြုလိုက်ရတဲ့ ခံစစ်ကြောင်းကို နည်းပြလမ်းပတ်တစ်ယောက် ဒေါသထွက်နေပုံပါ။

62 Min

စတေဆီ ရဲ့ ညာခြမ်းက ဖြတ်တင်ပေးမှုကို ချယ်လ်ဆီးနောက်ခံလူတွေ မတားဆီးလိုက်နိုင်ပဲ ကင်း ရဲ့သွင်းဂိုးကို ခွင့်ပြုလိုက်ရတာပါ။ (၃)မိနစ်အတွင်း (၂)ဂိုးပေးလိုက်ရတဲ့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကတော့ စိတ်ပျက်စရာ ကောင်းလွန်းနေခဲ့တယ် ခင်ဗျာ။

Goal!!!

ဘုန်းမောက်အသင်းက ဒုတိယမြောက်သွင်းဂိုး ရရှိသွားပြန်ပြီ ခင်ဗျာ။ တိုက်စစ်မှူး ဂျိုရှုဝါကင်း က သွင်းယူပေးသွားတာပါ။

59 Min

ဖရေဇာရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွားခဲ့တဲ့ လာမာ ရဲ့ခေါင်းတိုက်ချက်ကို ဂိုးသမား ကာဘယ်လာရိုတစ်ယောက် ဘယ်လိုမှ မကာကွယ်နိုင်လိုက်ပါဘူး။ ခေါင်းတိုက်ပုံက တကယ့်ကိုကောင်းခဲ့ပြီး ကာဘယ်လာရိုပုတ်ထုတ်ခဲ့သေးပေမယ့် ဂိုးထဲကို ဝင်သွားခဲ့တယ် ခင်ဗျာ။ ဘုန်းမောက် တို့ ချယ်လ်ဆီးကို အခက်တွေ့အောင် စပြီး လုပ်နေပြီပဲ ဖြစ်ပါတယ်။

Goal!!!

ဘုန်းမောက်အသင်းက ချေပဂိုးရသွားခဲ့ပြီ ခင်ဗျာ။ ကွင်းလယ်လူ လာမာ က သွင်းယူပေးသွားခဲ့တာပါ။