အိန္ဒိယစစ်တပ်က လာဒတ်ခ်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်

အိန္ဒိယစစ်တပ်က လာဒတ်ခ်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်

တရုတ်နှင့် တစ်နှစ်ပတ်လုံး ဆက်ဆံရေးတင်းမာနေချိန်တွင် အိန္ဒိယ၏ ပြည်ထောင်စုနယ်မြေဖြစ်သော လာဒတ်ခ်တွင် ပူးပေါင်း စစ်ရေး လေ့ကျင့်မှုနှင့် ပစ်ခတ်မှုများကို စက်တင်ဘာ ၂ ရက်တွင် အိန္ဒိယက ပြုလုပ်ခဲ့သည်။

အမြင့်ပေ ၁၅၀ဝဝ နီးပါးမြင့်သော အမြင့်ဆုံးနေရာများတွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်မှုကို ဒုတိယဗိုလ်ချုပ်ကြီး ပီဂျီကေ မီနွန်က ဦးဆောင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနှင့် တရုတ်တို့သည် ၂၀၂၀ ပြည့်နှစ် မေလမှစ၍ လာဒတ်ခ်တွင် နှစ်ဘက်စစ်အင်အား ၅၀ဝဝဝ ခန့် တပ်ဖြန့်ချထားခဲ့သည်အထိ စစ်ရေးပဋိပက္ခများပြင်းထန်ခဲ့သည်။

ပြဿနာဖြေရှင်းရန် နှစ်နို်င်ငံ တပ်မှူးအဆင့်ဆွေးနွေးပွဲများ ၁၂ ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် စစ်ရေးအရ အရေးပါသည့်နေရာတွင် သဘောထားကွဲလွဲမှုများရှိနေသေးသော်လည်း ပြန်လည်တပ်ဖြန့်ချထားသည့် အခြေအနေထိ မရောက်သေးပေ။

ယခုအချိန်ထိ ဂယ်လ်ဝမ်၊ဂိုဂရာနှင့် ပန်ဂုံဆိုနေရာနေရာများအတွက် သဘောတူညီမှုမရသေးသလို PP15 စခန်း ပတ်ဝန်းကျင်ရှိ ရေပူစမ်းဒေသများတွင်လည်း အခြေအနေတင်းမာနေဆဲဖြစ်သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် ပန်ဂုံရေကန်ဒေသနှင့် ပတ်သက်ပြီး အိန္ဒိယနှင့် တရုတ်တပ်များ သဘောတူညီမှု မရသေးသော်လည်း နောက်ပိုင်းတွင်တင်းမာမှုများကို ထပ်မံဖြေလျှော့ပေးခဲ့သည့် နှေးကွေးသည့် တိုးတက်မှုအချို့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required