စစ်ကောင်စီက NLD ရပ်ကျေးဥက္ကဌ၏ အိမ်တံခါးဖျက်ကာ ဆိုင်ကယ်နှင့် အိမ်တွင်းပစ္စည်း တချို့ယူဆောင်သွား

စစ်ကောင်စီက NLD ရပ်ကျေးဥက္ကဌ၏ အိမ်တံခါးဖျက်ကာ ဆိုင်ကယ်နှင့် အိမ်တွင်းပစ္စည်း တချို့ယူဆောင်သွား

ကန်ကြီးထောင့်မြို့၊ပိတောက်ပင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင်  NLD ရပ်ကျေးဥက္ကဌ၏ အိမ်တံခါးဖျက်ကာ ဆိုင်ကယ်နှင့် အိမ်တွင်းပစ္စည်းတချို့ကို ယူ‌ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။ 

ကန်ကြီးထောင့်မြို့တွင် တပ်သတင်းပေး ဒလန်မောင်မြင့် အသတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက အဖမ်းအဆီး ဆက်တိုက်ပြုလုပ်နေချိန်တွင်ပိတောက်ပင်ကျေးရွာ NLD ရပ်ကျေးဥက္ကဌ ကိုယမင်းထွန်းသည် ရှောင်တိမ်းနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

"ဒလန်မောင်မြင့် အသတ်ခံရပြီးကတည်းက မဆိုင်တဲ့သူတွေကို အကုန်ပတ်ဖမ်းနေတော့ NLD ရပ်ကျေးဥက္ကဌ ကိုယမင်းထွန်းလည်းရှောင်နေတာပေါ့။ ဒီနေ့ညနေတော့ စစ်သားတွေနဲ့ရဲတွေ ရောက်လာပြီး သူ့အိမ်ကိုဖျက်ဝင်တယ်။ ဆိုင်ကယ်တစ်စီးနဲ့ အိမ်ပေါ်ကပစ္စည်းတချို့ကိုလည်း ယူသွားတယ်။အိမ်ပိုင်ရှင်မသိဘဲ ဝင်ပြီးဖျက်ယူတယ်ဆိုတာခိုးတာပဲ။ မဆိုင်တဲ့သူတွေကို ပတ်ရမ်းနေတာ တော်တော်တရားလွန်နေပြီ"ဟု ၎င်းဒေသခံက ပြောသည်။ 

သြဂုတ် ၂၉ ရက် မနက်ပိုင်းက  ဒလန်မောင်မြင့်အသတ်ခံရပြီးနောက်ပိုင်း မတရား ဖမ်းဆီးခံရသူများသည်  လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required