အချုပ်ကျနေသည့် ပဲခူးလွှတ်တော်ကိုယ်စားလှယ် ၂ ဦး COVID-19 ကူးစက်ခံရ 

အချုပ်ကျနေသည့် ပဲခူးလွှတ်တော်ကိုယ်စားလှယ် ၂ ဦး COVID-19 ကူးစက်ခံရ 

ဇူလိုင် ၂၇

ပဲခူးမြို့ NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကျိုက်ဇကော်အကျဉ်းထောင်တွင် COVID-19 ရောဂါကူးစက်ခံခဲ့ရ၍ ပဲခူးမြို့ ကလိဆေးရုံတွင် ကုသနေရကြောင်း ၄င်းတို့နှင့် နီစပ်သူများမှပြောသည်။

ကူးစက်ခံရသူသည့်သူများမှာ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေနှင့် ယခင် ပဲခူးတိုင်းသစ်တောနှင့် သံယံဇာတဝန်ကြီး ဒေါက်တာစောညိုဝင်းတို့ဖြစ်ကြောင်း သိရသည်။

 " ဦးညွှန်ရွှေက၂၄ ရက်နေ့မှာ ဆေးရုံတက်ရတယ်။ နောက်တစ်နေ့မှာက ဒေါက်တာစောညိုဝင်းတက်ရတယ်ဗျ။ ဒေါက်တာစောညိုဝင်းက အောက်စီဂျင် ၆၆ လောက်ဘဲရှိတော့တာ။ ဆေးရုံရောက်တော့ မနေ့က ၈၈ လောက်ထိပြန်တတ်လာတယ်။ အခြေနေ    ပြန်ကောင်းလာတယ်လို့ ဆိုရမှာပေါ့။ မိသားစုတွေက ပစ္စည်းတွေသွားပို့ကျပါတယ်" ဟု ပဲခူးမြို့က ရှေ့နေတစ်ဦးမှပြောသည်။ 

၄င်းတို့ နှစ်ဦးအပြင် အချုပ်ကျနေသည့် ဝေါမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် သူရဦးရွှေမန်းတည်ထောင်ထားသည့် ပြည်သူ့ကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးလဲ COVID-19 ရောဂါဖြင့် ကလိဆေးရုံတွင်တတ်နေရကြောင်းသိရသည်။ 

ဦးညွှန့်ရွှေသည် အသက် ၇၀ ကျော် ရှိပြီး ဆီချို၊ သွေးချိုရောဂါနှင့် သွေးတိုးရောဂါပါရှိကာ အသက် ၄၇ အရွယ် ဒေါက်တာစောညိုဝင်းသည်လည်း နှလုံးအားနည်းသည့်ရောဂါရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသော်လည်း စစ်ကောင်စီမှ သတင်းဖုံးကွယ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required