နိုင်ငံခြားငွေစျေးတက်၍ ဝန်ကြီးဌာနများ ဖြည့်စွက်ရန်ပုံငွေ တိုးတောင်းရခြင်းဖြစ်ဟုဆို

နိုင်ငံခြားငွေစျေးတက်၍ ဝန်ကြီးဌာနများ ဖြည့်စွက်ရန်ပုံငွေ တိုးတောင်းရခြင်းဖြစ်ဟုဆို

နေပြည်တော်၊ ဒီဇင်ဘာ ၂ ။ ။ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်မှုကြောင့် ဝန်ကြီးဌာနအများစုမှ ဖြည့်စွက် ရန်ပုံငွေ တိုးမြှင့်တောင်ခံရခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ၂ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးများက ရှင်းလင်း တင်ပြခဲ့ကြသည်။

တိုးမြှင့်တောင်ခံရသည့် ငွေလုံးငွေရင်း အသုံးစားရိတ်များသည် မလွှဲမရှောင်သာဖြစ်ပေါ်လာသည့် နိုင်ငံ ငွေလဲလှယ်မှုနှုန်းထား ဈေးတက်ခြင်းကြောင့် တောင်ခံရခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ရှင်းလင်းခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ရန်ပုံငွေ တောင်းခံငွေ စုစုပေါင်း ကျပ်သန်း (၄၆၈၄.၈၈၄) တောင်းခဲ့ပြီး ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ဖြည့်စွက်ရန်ပုံငွေ (၁၈.၉၁)ရခိုင်နှုန်း တောင်းခံသည့် ဝန်ကြီးဌာနဖြစ်သည်။

အလားတူ သမဝါယမလုပ်ငန်းများမှ ပေးဆပ်ရမည့် အတိုးငွေ အမေရိကန်ဒေါ်လာ(၁၇.၄၀၆)သန်း အတွက် မြန်မာကျပ်ငွေဖြင့် မူလတွက်ချက်လျာထားစဉ်က ကျပ်သန်းပေါင်း(၁၇၇၅၄.၅၈၀) လျာထားခဲ့ပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ဈေးမြင့်တက်ခြင်းကြောင့် လိုငွေကျပ်သန်း(၂၄၂.၂၂၈) မူလ လျာထားချက်ထက် ဖြည့်စွက်တောင်ခဲ့ရခြင်းဖြစ်ကြောင်း သမဝါယမဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ရှင်းလင်းတင်ပြခဲ့သည်။

အလားတူ ကာကွယ်ရေးဝန်ကြီးဌာန၊ လယ်စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့သည် ငွေလှဲနှုန်း ဈေးမြင့်တက်မှုကြောင့် ယင်းဌာနများအတွက် ထပ်မံငွေများဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက် ရန်ပုံငွေ၌ တိုးမြှင့်တောင်းခံရခြင်းဖြစ်ကြောင်း ဝန်ကြီးများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ဖြည့်ရန်ပုံငွေတောင်ခံမှုတွင် (၁၅.၁၇)ရာခိုင်နှုန်းရှိကြောင်း သိရပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် (၁၅.၂၇)ရာခိုင်နှုန်း တောင်းခံခဲ့သည့် ဝန်ကြီးဌာနဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required