CCP ၏ စီးပွားရေး ဇောကပ်မှု ဆိုးဆိုးဝါးဝါးကျဆုံးကာ တရုတ်သည် အဆိုးဆုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရ

CCP ၏ စီးပွားရေး ဇောကပ်မှု ဆိုးဆိုးဝါးဝါးကျဆုံးကာ တရုတ်သည် အဆိုးဆုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရ

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၀

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း အဆိုးဆုံးဖြစ်လာသည့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု တစ်ခုကို တရုတ်နိုင်ငံတွင် ရင်ဆိုင်နေရသည်။ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု၏ သက်ရောက်မှုများမှ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသော်လည်း တရုတ်စီးပွားရေးသည်   ရပ်တန့်နေပုံရသည်။ ဆောင်းရာသီကာလအတွင်း တရုတ်၌ လျှပ်စစ်စွမ်းအားထုတ်လုပ်မှုက လိုအပ်သလောက် မဖြည့်ဆည်းနိုင်ဘဲဖြစ်နေသည်။ တရုတ်၏ စွမ်းအင်ထောက်ပံ့မှု ပြတ်လတ်ရခြင်း   အကြောင်းများစွာရှိသည်။ အဓိက အကြောင်းထဲက တစ်ခုမှာ ဩစတြေးလျသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ မူလဇစ်မြစ်အား လွတ်လပ်သော စုံစမ်းမှု ပြုလုပ်ရန်တောင်းဆိုခဲ့ပြီးနောက် တရုတ်က ၎င်းတို့ထံမှ ကျောက်မီးသွေး တင်သွင်းမှုများအား တားမြစ်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

 ပေကျင်းက တားမြစ်ဖို့ ဆုံးဖြတ်ခဲ့တာက ဩစတြေးလျကျောက်မီးသွေး တစ်ခုတည်းတော့မဟုတ်။ မေလက ဩစတြေးလျ မုယောစပါးကို ၈၀ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ပြီး ဩစတြေးလျ အမဲသား တင်သွင်းမှုတွင်လည်း ကန့်သတ်ချက်များ ပေါင်းထည့်ခဲ့သည်။ ဒါ့အပြင် ဩစတြေးလျ ဝိုင်များအပေါ်တွင်လည်း အခွန် ပိုမို တိုးမြှင့်ရန် တရားဝင် ခြိမ်းခြောက်ခဲ့သလို ဩစတြေးလျ ကျောက်ပုဇွန်များ ပို့ဆောင်ရာတွင် ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရသည်။

ထိုအဖြစ်အပျက်တွေ ဖြစ်လာရခြင်းက ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခဲ့ပြီး ကမ္ဘာတစ်ဝှမ်းအသက်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့စေသည့်ကိုဗစ်-၁၉  ဗိုင်းရပ်စ်နှင့် ပေကျင်းတို့ပတ်သတ်သော အမှန်တရားကို သိလိုရန် သြစတြေးလျက ဆန္ဒရှိတာကစခဲ့သည်။

ဩစတြေးလျကျောက်မီးသွေးတင်သွင်းမှုနှင့်ပတ်သက်၍ တရုတ်က တားမြစ်ခြင်းသည် အဓိကတရုတ်မြို့ကြီးများရှိ ရုံးအဆောက်အဦများနှင့် ဈေးဝယ်စင်တာများ မှောင်မိုက်ခြင်းကို ဖြစ်စေကာ မျှော်မှန်းထားတာနှင့် ဆန့်ကျင်သော ရလဒ်ထွက်ပေါ်လာစေသည်။ လမ်းများသည် မီးများလင်းထိန်နေကာ လူများနှင့် စည်ကားနေရမည့်အစား ပွဲတော်ရာသီကာလအတွင်းတွင်ပင် မှောက်မိုက်အသက်မဲ့သွားသည်။

 တရုတ်က မြင်ကွင်းများသည် ကူးစက်ရောဂါ အဆိုးဆုံးအနေအထားရောက်ရှိခဲ့သော ဖေဖော်ဝါရီလနှင့် မတ်လအတွင်း နိုင်ငံအတွင်း ပိတ်ဆို့တားဆီးမှုများကို ပြန်လည်အမှတ်ရစေသည်။ သို့သော် ယခုအချိန် ပိတ်ဆို့မှုက ကူးစက်ရောဂါကြောင့် မဟုတ်ဘဲ စွမ်းအင်ပြတ်တောက်တာကြောင့်ဖြစ်သည်။ Asia Times မှ သတင်းတစ်ပုဒ်အရ ကျယ်ကျန်းပြည်နယ် အရှေပိုင်းရှိ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများသည် Work from Home အစီအစဉ်များ လုပ်ဆောင်နေကြပြီဖြစ်သည်။ ဒေသန္တရအစိုးရများသည်လည်း  စွမ်းအင်ကို ခွဲတမ်းချ အသုံးပြုရန် ကြိုးပမ်းနေကြသည်။ တရုတ်၏ စက်မှုထွန်းကားသော ကမ်းရိုးတန်းပြည်နယ်များသည်လည်း စတင် ထိခိုက်လာပြီး စက်ရုံများအနေဖြင့် နေ့လည်ခင်းတွင် သူတို့၏ အလုပ်သမားများအား အိမ်ပြန်စေလွှတ်ခဲ့ရကာ အချို့ကို အိမ်မှပင် အလုပ်လုပ်ရန် ပြောဆိုထားသည်။ အချို့စက်မှုဇုံများကို စာရင်းအလိုက် “လျှပ်စစ်ဓာတ်အားခွဲတမ်းချခြင်း" နှင့် " ယိုင်နဲ့နေသော ထောက်ပံ့ရေး” အရေးအပေါ်အစီအစဉ်သစ်ကြောင့် စက်ရုံပိုင်ရှင်များ စိုးရိမ်ထိတ်လန့်နေကြသည်။

 မီဒီယာသတင်းပေးပို့ချက်များအရ ကျယ်ကျန်းပြည်နယ် ဒေသန္တရအစိုးရသည် စွမ်းအင်ချွေတာခြင်းနှင့် လျှပ်စစ်ဓာတ်အားပြတ်မည့်ကိစ္စအတွက် အမိန့်ထုတ်ပြန်ခဲ့သည်။ ဒေသခံ လျှပ်စစ်ရုံအလုပ်သမား တွေအတွက်တော့ မီးပျက်မည့်ဒဏ်ခံရမည့် ဒေသခံ စီးပွားရေးလုပ်ငန်းများနှင့် နေထိုင်သူများအား လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်သော အကြောင်းကြာစာများ ဖြန့်ဝေရန် အခက်တွေ့နေကြသည်။

ပြည်နယ်အစိုးရ၏ အမိန့်ထုတ်ပြန်ချက်အရ စွမ်းအင်ခွဲတမ်းချအစီအမံများသည် အခြား နည်းလမ်းမရှိဖြစ်နေသည်။ လျှပ်စစ်မီးအပြည့်အဝမပေးနိုင်သော အခြားသော ဒေသများမှာ ကျင်းစု၊ ဟယ်နန်၊ ဟူပေ၊ ယူနန်၊ ကျန်းရှီးနှင့် မွန်ဂိုလီးယားအတွင်းပိုင်းတို့ ဖြစ်ကြသည်။ တရုတ်၏ ဒုတိယအကြီးဆုံး နိုင်ငံပိုင်သတင်းဌာန China News Service က နေထိုင်သူ သန်း၇၀  ရှိသော ယူန်ပြည်နယ်အလယ်ပိုင်းတွင် ကီလိုဝပ်-နာရီ ၁၀ သန်း မှ သန်း၂၀ အထိ လျှပ်စစ်မလုံလောက်မှု ကြုံတွေ့နေရကြောင်း ဖော်ပြခဲ့သည်။ နယူးယောက်တိုင်းမ် New York Times ၏ သတင်းတစ်ပုဒ်တွင် လျှပ်စစ်ဓာတ်အား ခြွေတာရန် ဓာတ်လှေကားများအား ပိတ်ထားသည့်အတွက် ယူနန်ရှိ အလုပ်သမားများသည်  လှေကားအဆင့်ပေါင်းများစွာအား လမ်းလျှောက်တက်နေရကြောင်း ပါရှိသည်။ သတ္တုတူးဖော်ရေး အချက်အချာဖြစ်သော ယူနန်ပြည်နယ်တွင် ကျောက်မီးသွေး ပြတ်လပ်မှုကို စဉ်းစားမိဖို့ပင် ခက်ခဲခဲ့သော်လည်း အမှန်တကယ် ဖြစ်လာနေသည်။  ကျောက်မီးသွေး မလုံလောက်မှုကြောင့်  ကျောက်မီးသွေးတွင်းများရှေ့တွင် တန်းစီနေသော ကုန်ကားကြီးများတွေ့ရပြီး အပြိုင်အဆိုင်ဝယ်လို အားမြင့်တက်စေခဲ့သည်။
 
စီးပွားရေးအပေါ် ထိုးနှက်မှုသည် တရုတ်အတွက် အနိမ့်ဆုံး စိုးရိမ်ပူပန်မှုဖြစ်သော်လည်း လျှပ်စစ်ဓာတ်အားခွဲတမ်းချခံရခြင်း၊ ပြတ်တောက်ခြင်းသည် မှီတင်းနေထိုင်သူများအတွက် ဆောင်းရာသီအတွင်း အေးစက်စွာနေရမည့်အရေး စိုးရိမ်မှုများ ပေါ်ပေါက်စေသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပြီးနောက် တရုတ်အရာရှိများက မီးပျက်တာကိုဖြေရှင်းရန် အလျင်အမြန် ကြိုစားခဲ့ကြပြီး ထိုပြတ်တောက်မှုများသည် ဩစတြေးလျ ကျောက်မီးသွေးတင်သွင်းမှုကို ပိတ်ဆို့တားမြစ်တာကနေ ဖြစ်ပေါ်လာခဲ့သည်ဆိုတာကိုတော့ ဖုံးကွယ်ရန် ကြိုးပမ်းနေကြသည်။

အခက်အခဲကို ကျော်လွှားနိုင်ရန် နေ့စဉ် နံနက် ၁၀နာရီခွဲမှ ၁၂နာရီထိ၊ ညနေ ၄ နာရီခွဲမှ ၈ နာရီခွဲအထိ ခွဲတမ်းကျ အသုံးပြုရန် တရုတ်အရာရှိများက အမိန့်ထုတ်ပြန်ထားသည်။ ထို့အပြင် လျှပ်စစ်မီးဖို မသုံးရန်  အများပြည်သူကို ပြောကြားထားကာ ပိတ်ရက်များအတွင်း ရုံးဌာနများကို လျှပ်စစ်ဓာတ်အားပေးဝေမှု ရပ်တန့်ထားသည်။ ကျန်းရှီးရှိ အရာရှိများသည်လည်း စွမ်းအင်အသုံးပြုမှု ကန့်သတ်မည့် အချိန်များ ချမှတ်ခဲ့သည်။ ဝမ်ကျိုးမြို့တွင် နေထိုင်သူများသည် အပူချိန် ၃ ဒီဂရီ ကျဆင်းမှသာ အပူပေးကိရိယာဖွင့်ရန် ညွှန်ကြားခံထားရသည်။

ယီဝူမြို့ရှိ စတိုးပိုင်ရှင် ကျန်ရှောင်ဘို က “လွန်ခဲ့တဲ့ရက်အနည်းငယ်က အိမ်ကို ကားမောင်းပြန်လာတဲ့အချိန် မတော်တမှု တော်တော်များများ တွေ့ခဲ့တယ်။ လုပ်နိုင်တာက ကားကို ပိုပြီး ဖြည်းဖြည်းမောင်းရမယ်”ဟု ပြောဆိုကြောင်း  နယူးယောက်ခ်တိုင်းမ်က ဖော်ပြခဲ့သည်။ မြင့်တက်လာသော ပြည်တွင်း လိုအပ်ချက်အား ဖြည့်တင်းနိုင်ရန် ဩစတြေးလျမှလွဲ၍ အခြားသော နိုင်ငံများထံမှ ကျောက်မီးသွေးတင်သွင်းမှုဆိုင်ရာ တားမြစ်ချက်များကို အရာရှိများက စတင်လျော့ချလာကြသည်။

စွမ်းအင်မလုံလောက်မှုများ ဖြစ်ပေါ်နေလင့်ကစား တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီ(CPP) သည် ဩစတြေးလျ ကျောက်မီးသွေးသွင်းယူမှုတားမြစ်ခြင်းကို ပယ်ဖျက်ခြင်းမပြုသေးပေ။ ဘလွန်းဘတ်၏ သတင်းပေးပို့ချက်အရ ကျောက်မီးသွေးတင်ဆောင်ထားသာ ဩစတြေးလျသင်္ဘော ၆၀ ကျော်သည် ကုန်ချဖို့ အခွင့်မရသောကြောင်း နိုဝင်ဘာလမှစ၍ တရုတ်ရေပိုင်နက်တွင် စောင့်ဆိုင်းနေရကြောင်း သိရသည်။
 
ဩစတြေးလျအပေါ် တရုတ်၏ ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများသည် တရုတ်အပေါ် တန်ပြန်သက်ရောက်မှုများကိုသာ ဦးတည်နေသည်။ ဩစတြေးလျထုတ်ကုန်များစွာသည် ပစ်မှတ်ထားခံနေရချိန်တွင် ဩစတြေးလျ သံသတ္တုရိုင်းအတွက် ပေကျင်း၏ ဝယ်လိုအားမှာ မြင့်တက်နေဆဲပင် ဖြစ်သည်။ ဩစတြေးလျ သံသတ္တုရိုင်း ဈေးမှာ မြင့်တက်သွားပြီး လာမည့်နှစ်များအတွင်းလည်း ဆက်လက်မြင့်တက်နေရန် ခန့်မှန်းထားကြောင်း ဒေးလီးမေးလ် Daily Mail မှ သတင်းတစ်ပုဒ်အရ သိရသည်။ တရုတ်သို့ တင်ပို့မှုများသည်လည်း စံချိန်တင် မြင့်တက်ခဲ့သည်။ ဩစတြေးလျသည် တရုတ်၏ သတ္တုရိုင်းတင်သွင်းမှု၏ ၆၀ ရာခိုင်နှုန်းရှိသည်။
 
တရုတ်သည် ၂၀၂၀ ပထမ ၁၁ လတွင် ကျောက်မီးသွေးတန်ချိန်စုစုပေါင်း ၃.၄၈ ဘီလီယံအား ထုတ်လုပ်ခဲ့ကာ ၂၀၁၉ ခုနှစ်ထက် ၂ရာခိုင်နှုန်း ပိုခဲ့သည်။ အခြားတစ်ဖက်တွင် တရုတ်သည် ကျောက်မီးသွေး တန်ချိန် ၂၆၀ သန်းသာ တင်သွင်းခဲ့ပြီး ၂၀၁၉ အလားတူကာလအတွက် ၁၁ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ၎င်းနည်းပါးမှုသည် တရုတ်၏ ဆက်လက်ဖြစ်ပွားနေသော စွမ်းအင်အကြပ်အတည်းတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။
 
ဩစတြေးလျ ထုတ်ကုန်များအပေါ် တရုတ်၏ တားမြစ်ချက်များ ရှိနေသော်လည်း ဩစတြေးလျသည် လက်တုံ့ပြန်ခြင်းမရှိပေ။ နိုင်ငံခြားရေး သတင်းထောက် Stephen Dziedzic က အလားတူမေးခွန်းအား ဩစတြေးလျ အရာရှိများအား မေးမြန်းခဲ့ရာ “တရုတ်နဲ့ အတူ သဲထဲမကျလိုသလို ရန်မပွားချင်ဘူး”ဟူသော အဖြေအား ရခဲ့သည်။ ဆိုလိုသည်မှာ ဩစတြေးလျသည် တရုတ်ကဲ့သို့ ညစ်ပတ်မကစားလိုဘဲ အကယ်၍ ဩစတြေးလျသည် တရားမျှတမှုမရှိဘဲ အခွန်စည်းကြပ်ပါက ဩစတြေးလျအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှု ဆုံးရှုံးရမည်ဖြစ်သည်။  ဩစတြေးလျကျောက်မီးသွေးအား တရုတ်က တားမြစ်ခဲ့ချိန်တွင် တရုတ်လိုအပ်တာက ဩစတြေးလျသံသတ္တုရိုင်းပင် ဖြစ်သည်။ ဩစတြေးလျအနေဖြင့်  သံသတ္တုရိုင်းထောက်ပံ့မှုအား ရပ်ဆိုင်းခဲ့ပါက တရုတ်၏ ပိုကြီးသော သံမဏိစက်ရုံများစွာသည် လည်ပတ်မှု ရပ်တန့်ရလိမ့်မည်။ တစ်ဖက်တွင်မှု စီးပွားရေးပညာရှင်များနှင့် ကုန်သွယ်ရေးကျွမ်းကျင်သူများက ဩစတြေးလျအနေဖြင့် တရုတ်ကျောက်မီးသွေးဝယ်သူများအစား အခြားဝယ်လက်များ ရထားပြီးဖြစ်သည်ဟုဆိုသည်။ အကျိုးဆက်အရ တရုတ်၏ ကွဲပြားခြားနားသော အခွန်အကောက်ဆိုင်ရာ နည်းဗျူဟာသည် မည်သည့်အရာကိုမဆို လိုက်လျောရန် ခဲယဉ်းပုံပေါ်သည်။
 
လွန်ခဲ့သောလအနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံမှုအား ကနဦးကိုင်တွယ်မှုနှင့် မူလဇစ်မြစ်အား ဖုံးကွယ်ရန် ကြိုးပမ်းမှုများကြောင့် တရုတ်သည် တန်ပြန်ရလဒ်များ ကြုံတွေ့ခဲ့ရသည်။ CPP သည် အဖြစ်အပျက်ကို ခြယ်လှယ်ရန်နှင့် ဇာတ်ကြောင်းပြောင်းရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်၏ဖိအားများတွင် မပါဝင်ဘဲ ရဲရဲတင်းတင်းလုပ်ဆောင်ရန်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို လွတ်လပ်သော စုံစမ်းမှုပြုရန် ပထဝီနိုင်ငံရေးလေ့လာသုံးသပ်သူများက   ဩစတြေးလျအားတောင်းဆိုထားသည်။ ကွဲပြားခြားနားသော အခွန်စည်းကြပ်မှုနှင့် ခွဲခြားဆက်ဆံမှုသည် တရုတ်၏ လက်ရှိ စွမ်းအင်အကြပ်အတည်းအတွက် အဓိက ဖြစ်သည်။ အထူးသဖြင့် အဆက်မပြတ်လျှပ်စစ်ဓာတ်အားအထောက်အပံ့အပေါ် မှီခိုနေရသော တရုတ်စက်မှုလုပ်ငန်းများအပေါ် ဆိုးဝါးစွာ အကျိုးသက်ရောက်စေသည်။ ကူးစက်ရောဂါ၏ ထိခိုက်မှုမှ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေသော စက်မှုလုပ်ငန်းများသည်လည်း ကြီးမားသော ထိုးနှက်မှုနှင့် ကြုံတွေ့နေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required