ထိုင်းနိုင်ငံ ယာဉ်တိုက်မှုတစ်ခုက ပုံတွေကို သုံးပြီး ထိုင်းစစ်တပ်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကို ပစ်နေတယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို ပြောပြပေးချင်ပါတယ်။
ဒီသတင်းအမှားကို မချစ်စုငွေလွှဲကောင်တာ ဆိုတဲ့ Facebook Account ပိုင်ရှင်က ဩဂုတ် ၃၁ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
Likeလုပ်သူ ၂၅၀၀၊ ပြန်လည်မျှဝေသူ ၂၃၀၀နဲ့ မှတ်ချက်ပေးသူ ၁၀၀ကျော်ရှိခဲ့ပါတယ်။
အကြောင်းအရာကတော့ ထိုင်းထဲကို ခိုးဝင်မလာကြပါနဲ့။ ပစ်မိန့်လည်းထုတ်ထားပြီးပါပြီ။ အသိနဲ့ သတိရှိပါ။
လုံးဝလုံးဝ ခိုးမဝင်ကြပါနဲ့ဆိုပြီးရေးထားတဲ့ အပြင် ပုံတွေလည်းပါရှိပါတယ်။
တင်ဆက် - ဆုမြတ်မေဇော်