မတ် ၂၂
အမေရိကန်နိုင်ငံက စူပါမားကတ်လုပ်ငန်းကြီးတွေကတော့ ယခုအခါမှာ “သီးသန့် ရွေးချယ်ထားသူတွေအတွက် ဖွင့်လှစ် ရောင်းချချိန်” ဆိုတဲ့ အစီအစဉ်တစ်ခုကို စတင် ကမ်းလှမ်းပေးနေလျက် ရှိပါတယ်။
ဒီအစီအစဉ်ကတော့ အသက်အရွယ်ကြီးသူတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေကိုပဲ သီးသန့် စျေးဝယ်ခွင့်ပေးတဲ့ အချိန်တစ်ခု သတ်မှတ်ခြင်း ဖြစ်ပါတယ်။
နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေစဉ်ကာလအတွင်း ခုလို အစီအစဉ်အရ သက်ကြီးတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေကို မနက်ဘက် အစောပိုင်းနာရီတွေမှာ သီးသန့် စျေးဝယ်ချိန်တစ်ခုအဖြစ် စျေးဝယ်ခွင့်ပေးတာ ဖြစ်ပါတယ်။
ဒီလိုမျိုး သက်ကြီး သီးသန့် စျေးဝယ်ချိန် သတ်မှတ်ခြင်းကို သြစတြေးလျနိုင်ငံမှာလည်း ကျင့်သုံးနေတယ်လို့ သိရပါတယ်။
အမေရိကန်မှာတော့ လက်ရှိအချိန််မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ဖြစ်နေပြီး လူ ၂၀၀,၀၀ ကျော် ကူးစက်ခံထားရပြီး ၂၀၀ ကျော် သေဆုံးခဲ့ပြီလို့ သိရပါတယ်။