ဖွဲ့စည်းပုံ ပြင်ပေးမည် ထောက်ခံကြပါဟု ကြ့ံခိုင်ရေး ကြေညာ

ဖွဲ့စည်းပုံ ပြင်ပေးမည် ထောက်ခံကြပါဟု ကြ့ံခိုင်ရေး ကြေညာ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောက်တိုဘာ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖွဲ့စည်းပုံ ပြင်မည်ဟု စာမျက်နှာ ၃၂ မျက်နှာပါ ကြေညာစာတမ်းတွင် ဖေါ်ပြထားသည်။

ကြေညာစာတမ်းတွင်ပါရှိသည့် ရည်မှန်းချက်တွင် အချက်ငါးချက်ကို ဖေါ်ပြထားပြီး “ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောက်ရွက်ပေးမည်” ဟူသည့် အချက်ကို တတိယ အချက်အဖြစ် ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

“ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ပေးမည်၊ ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကို ထူထောင်ပေးမည်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ပေးမည်၊ ပြည်သူ့ အုပ်ချုပ်ရေးစနစ် ဖေါ်ဆောင်ပေးမည်၊ ပြည်သူ ဗဟိုပြု ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ပေးမည်” ဟု ဖေါ်ပြထားပြီး မိမိတို့ ပါတီအား ထောက်ခံ လက်တွဲ ပူးပေါင်းကြပါရန် ပန်ကြားသည်ဟုလည်း ဖေါ်ပြပါရှိသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အသေးစိတ် ဖေါ်ပြချက်များအဖြစ် အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမ ျှ ခိုင်ခြားသုံးစွဲခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပိုမို ခိုင်မာအောင် ပြင်ဆင်သွားမည်ဟု ပထမဆုံး အချက်အဖြစ် ဖေါ်ပြသည်။

အာဏာသုံးရပ်ကို တိုင်းနှင့် ပြည်နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေ အပ်နှင်းရာတွင် ပိုမိုထိရောက်အောင် ပြင်ဆင်မည်ဟု ဒုတိယအချက်အဖြစ် ဖေါ်ပြသည်။

တတိယ အချက်တွင်မူ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ထောင်နိုင်ရေး ထပ်မံ ဖြည့်စွက် ပြင်ဆင်သွားမည်ဟု ပါရှိသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နောက်ဆုံး အချက်အဖြစ် ကြံ့ခိုင်ရေးပါတီ၏ ဖေါ်ပြမှုတွင် “ဒီမိုကရေစီ ရှင်သန့် ဖွံ့ဖြိုး ရင့်ကျက်ခိုင်မာသော အဆင့်သို့ ကူးပြောင်း တက်လှမ်းနိုင်ရန် မပါမဖြစ် လိုအပ်သည့် ဥပဒေ အချက်များကို ထပ်မံ ဖြည့်စွက် ပြင်ဆင်သွားမည်” ဟုလည်း ပါရှိသည်။

“ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲ ကြေညာစာတမ်း” ဟု ဖေါ်ပြထားသည့် စာတမ်း မျက်နှာဖုံးတွင် လက်ရှိ သမ္မတ ဦးသိန်းစိန်၏ ရုပ်ပုံကို အသုံးပြုထားသည်။စာမျက်နှာ ၃၂ မျက်နှာ ပါရှိသည့် ကြေညာစာတမ်းတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ စီးပွားရေး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ ကာကွယ်ရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ အမျိုးသားရေးဟူသည့် အခန်းများကို ဖေါ်ပြထားသည်ကိုလည်း တွေ့ရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required