ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၃ ။ ။ အစ္စရေး အခြေချနေထိုင်သူ နှစ်ဦးကို ပစ်သတ်တယ်လို့ စွဲဆိုချက်နဲ့ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးစစ်တပ်က ကြာသပတေးနေ့က ပစ်သတ်လိုက်တယ်လို့ ပါလက်စတိုင်း နို်င်ငံပိုင် WAFA သတင်းဌာနက ဖော်ပြပါတယ်။
အောက်တိုဘာလဆန်းပိုင်းက ဘာကန်အခြေစိုက်အိမ််ရာမှာ အစ္စရေးနှစ်ဦးကို ပစ်သတ်တယ်လို့ သံသယရှိသူ အက်ရှ်ရတ်နာဝတ်ရှ်ဆိုသူကို အနောက်ဖက်ကမ်း နာဘရုစ်မြို့မှာ အစ္စရေးစစ်သားတွေက ပစ်သတ်လိုက်တာဖြစ်ပါတယ်။
အက်ရှ်ရတ်ရဲ့ နေအိမ်ကို အစ္စရေး စစ်သားတွေ ဝင်ရောက်စီးနင်းရာမှာ ၎င်းက ပြန်လှန်ပစ်ခတ်လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးမှ သုတ်သင်လိုက်နိုင်တာ ဖြစ်ပါတယ်။
အစ္စရေးတပ်ဖွဲ့ဟာ အက်ရှ်ရတ်ကို ရှာဖွေစီးနင်းရေး လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ မိသားစုဝင်တွေနဲ့ ၎င်း ပုန်းအောင်းနေထိုင်ရာ အိမ်ရဲ့ အိမ်ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း WAFA သတင်းဌာနက ဖော်ပြထားပါတယ်။