မော်စီတုန်းနောက်ပိုင်း သြဇာအကြီးဆုံးသော တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ဖြစ်လာ

မော်စီတုန်းနောက်ပိုင်း သြဇာအကြီးဆုံးသော တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ဖြစ်လာ

 

အောက်တိုဘာ ၂၄ ။            ။ တရုတ်ရဲ့ အာဏာရကွန်မြူနစ်ပါတီက နိုင်ငံရဲ့လက်ရှိသမ္မတ ရှီကျင့်ဖျင်ရဲ့ အမည်ကို ယင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းဖော်ပြခဲ့ခြင်းကြောင့် သမ္မတရှီအနေဖြင့် တရုတ်နိုင်ငံထူထောင်သူ မော်စီတုန်းနောက်ပိုင်း နိုင်ငံရဲ့ သြဇာအကြီးဆုံး ခေါင်းဆောင်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခုလို ၎င်းအမည်နဲ့ အတွေးအခေါ်ယူဆချက်ကို ဖွဲ့စည်းပုံဥပဒေမှာ ထည့်သွင်းဖော်ပြခံရမှုနဲ့အတူ တရုတ်သမ္မတ ရှီအနေနဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံရဲ့ သြဇာအကြီးဆုံးသောခေါင်းဆောင်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သလို ၎င်းအနေနဲ့ ဘဝတစ်လျှောက် ကြီးကျယ်တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်ရှိသွားတော့မှာဖြစ်ပါတယ်။

ယခုလို သမ္မတရှီရဲ့ အမည်နဲ့ ၎င်းရဲ့ အတွေးအခေါ်ကို ဖွဲ့စည်းပုံမှာ တိုက်ရိုက်ဖော်ပြမှုကို အာဏာရကွန်မြူနစ်ပါတီက အတည်ပြုသွားခဲ့ပါတယ်။

ယခု တရုတ်သမ္မတ ရှီကျင့်ဖျင်မတိုင်မီ ယခုလို ဖွဲ့စည်းပုံဥပဒေမှာ နာမည်ထည့်သွင်းဖော်ပြခံထားရတဲ့ တရုတ်ခေါင်းဆောင်တွေကတော့ နှစ်ဦးပဲ ရှိထားခဲ့တာဖြစ်ပြီး ၎င်းတို့ကတော့ မျက်မှောက်ခေတ် တရုတ်နိုင်ငံထူထောင်သူ မော်စီတုန်းနဲ့ ဈေးကွက်ပြုပြင်ပြောင်းလဲရေး ဗိသုကာ တိန်ရှောက်ဖိန်တို့ ဖြစ်ကြပါတယ်။ ၎င်းတို့နှစ်ဦးအနက်တောင်မှ မော်စီတုန်းတစ်ဦးသာ အသက်ရှင်လျက်ရှိစဉ်က နာမည်ထည့်သွင်းဖော်ပြခံခဲ့ရတာဖြစ်ပြီး တိန်ရှောက်ဖိန်ကတော့ ၎င်းကွယ်လွန်ပြီးခါမှ ဖော်ပြခံရတာဖြစ်ပါတယ်။

အာဏရကွန်မြူနစ်ပါတီ ညီလာခံ ပိတ်ပွဲအခမ်းအနားကို သမ္မတရှီ ဦးဆောင်ကျင်းပခဲ့ပြီး တက်ရောက်လာကြတဲ့ ကိုယ်စားလှယ် ၂,၃၀၀ ကလည်း ယခု ဖွဲ့စည်းပုံ ပြင်ဆင်ချက်ကို တစ်ခဲနက် အတည်ပြုထောက်ခံသွားကြတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required