ရွှေတောင်၊ ဧပြီလ ၈ ။ ။ သမီးဖြစ်သူနှင့် ၎င်း၏ နောက်အိမ်ထောင်အမျိုးသား လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ မိခင်ဖြစ်သူ ကိုယ်တိုင် တိုင်တန်းသည့်အတွက် ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့မရဲစခန်းတွင် တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၃)ဖြင့်် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ သိရသည်။
ရွှေတောင်မြို့နယ်မှ အသက် ၅၄ နှစ်အရွယ် စက်ရုံဝန်ထမ်း အမျိုးသမီးသည် ပထမ အိမ်ထောင် နှင့် တရားဝင်ကွာရှင်းပြီးနောက် ပြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်နှင့် လက်ထပ်ပေါင်းသင်းခဲ့သည်။
စက်ရုံဝန်ထမ်းအိမ်ယာလိုင်းခန်းတွင် ဒုတိယအိမ်ထောင်ဦးသန်းဆင့် နှင့် အတူပေါင်းသင်းနေထိုင်ခဲ့ ပြီး ပထမအိမ်ထောင် နှင့်ရခဲ့သည့် သမီး ဖြစ်သူပါ အတူ လာရောက်နေထိုင်ခဲ့သည်။
ထိုသို့နေထိုင်လာပြီး ရ နှစ်ခန့် အကြာ ဧပြီ ၆ ရက် နေ့လည်ပိုင်းက အသက် ၂၂ နှစ်အရွယ် သမီးဖြစ်သူ နှင့် နောက်အိမ်ထောင်အမျိးသား တို့ ဖောက်ပြန်နေကြသည်ကို တွေ့ရှိခဲ့သည်ဟု ဧပြီ ရ ရက်က တိုင်တန်းထားခဲ့ခြင်းဖြစ်သည်။
မိခင်ဖြစ်သူ၏ တရားလိုလုပ် တိုင်တန်းချက်အရ ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်အား ရွှေတောင်မြို့မရဲစခန်း(ပ) ၅၆၀/၁၇၊ တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၃ ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဒုရဲအုပ် ဇော်သန်းထိုက် မှ စစ်ဆေးလျက်ရှိသည်။