ကုလသမဂ္ဂဖျန်ဖြေမှုဖြင့် ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ နိုင်ငံရေးအကူးအပြောင်းအတွက် ပထမဆုံးအကြိမ် ဆွေးနွေး

ကုလသမဂ္ဂဖျန်ဖြေမှုဖြင့် ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ နိုင်ငံရေးအကူးအပြောင်းအတွက် ပထမဆုံးအကြိမ် ဆွေးနွေး

ဂျနီဗာ၊ မတ် ၂ ။              ။ ကုလသမဂ္ဂစေ့စပ်ညှိနှိုင်းမှုနဲ့ ဂျနီဗာမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆီးရီးယားအစိုးရနဲ့အတူ အတိုက်အခံကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်လာခဲ့ပြီး ခေါင်းဆောင်ဖြစ်သူက နိုင်ငံရေးအကူးအပြောင်းနဲ့ ပတ်သက်ပြီး ပထမဆုံးအဖြစ် ဆွေးနွေးခဲ့ကြတယ်လို့ မတ် ၁ ရက်က ပြောပါတယ်။

ဂျနီဗာရုံးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ဆီးရီးယားအဓိကအတိုက်အခံအဖွဲ့ High Negotiations Committee ရဲ့ ခေါင်းဆောင် နာဆားအယ်လ်ဟာရီရီက   ပြောခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်အဓိက ဆွေးနွေးကြတာက နိုင်ငံရေးအကူးအပြောင်းအတွက်ပဲဖြစ်တယ်။ ဒါက ပထမဆုံးဆွေးနွေးမှုလည်း ဖြစ်တယ်။ တကယ့် အစကောင်းပါပဲ။”လို့ ဟာရီရီက ပြောပါတယ်။

ဆွေးနွေးပွဲတွေကို ကမကထပြုခဲ့တဲ့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် စတီဖန်ရဲ့ ကြိုးစားမှုနဲ့ ဆီးရီးယားအစိုးရနဲ့ ခုလိုဆွေးနွေးနိုင်ခဲ့တာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ကို ကိုယ်စားပြုတဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ကုလသမဂ္ဂက လိုလိုလားလားရှိနေတဲ့ နိုင်ငံရေးအကူးအပြောင်းဆိုင်ရာ ဆွေးနွေးပွဲတွေကို အရင်က ငြင်းပယ်ထားခဲ့တာဖြစ်ပါတယ်။

နောက်လာမယ့်တွေ့ဆုံဆွေးနွေးမှုတွေမှာ ပိုမိုပြီးအရာရောက်အောင် လုပ်ဆောင်နိုင်မယ်မျှော်လင့်ကြောင်း အတိုက်အခံခေါင်းဆောင် ဟာရီရီက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required