မော်တော်ဆိုင်ကယ်ဟာ လူသုံးများတဲ့ သယ်ယူပို့ဆောင်ရေးတစ်ခုဖြစ်ပါတယ်။ သင်ဟာမောင်းသူဖြစ်စေ နောက်ကနေလိုက်စီးသူဖြစ်စေ အမြဲတမ်း ဦးထုပ်ဆောင်းပါ၊ ဦးထုပ်က အရည်အသွေးကောင်းတဲ့ အမျိုးအစားဖြစ်ပြီး ကြည်လင်ရှင်းလင်းစွာ မြင်နိုင်ပါစေ နောက်ပြီး ဦးထုပ်ကြိုးကို သေချာစွာ သိုင်းပြီး ကောင်းမွန် သေချာစွာ ဆောင်းပါ။
သင့်ဘေးဘီဝဲယာမှာရှိတဲ့ ယာဉ်ကြီးတွေကို အမြဲတမ်းဂရုပြုပါ ယာဉ်ကြီးတွေရဲ့ မျက်ကွယ်နေရာ (ယာဉ်ကနေ မမြင်နိုင်သော နေရာများကနေကပ် မမောင်းပါနဲ့။ ယာဉ်များအကြားနဲ့ လမ်းကြောများကူးတဲ့အကြားမှာ ဝင်လိုက်ထွက်လိုက် မောင်းနှင်းခြင်း မလုပ်ပါနဲ့ အခြားမော်တော်ဆိုင်ကယ်မောင်းသူတွေနဲ့ ဘေးကင်းနိုင်တဲ့ အကွာအဝေးထားရှိပါ