မြန်မာ-တရုတ် နယ်စပ်ဒေသ ပုံမှန်အနေအထားပြန်ရောက်ရေး တရုတ်ဘက်မှ တိုက်တွန်း

မြန်မာ-တရုတ် နယ်စပ်ဒေသ ပုံမှန်အနေအထားပြန်ရောက်ရေး တရုတ်ဘက်မှ တိုက်တွန်း

နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေပြည်တော်၌ ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ရပ်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသလုံခြံုရေး၊ တရားဥပဒေစိုးမိုးရေးကို အလေးထားပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ   ဖြစ်ပေါ်နေသော တင်းမာမှုအခြေအနေ အမြန်ဆူံး ပြေငြိမ်းသွားစေရန်နှင့် မြန်မာ-တရုတ်နယ်စပ်ဒေသ မူလပုံမှန်အနေအထား ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်ဘက်က တိုက်တွန်း တိုက်တွန်းခဲ့သည်။

 မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ပထမအကြိမ် မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်တွင် နေပြည်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required