ဖူကူရှီးယား ကမ်းလွန်မှာ အင်အားပြင်း ငလျင်လှုပ်ပြီးနောက် ဆူနာမီသတိပေးချက် ရုပ်သိမ်း

ဖူကူရှီးယား ကမ်းလွန်မှာ အင်အားပြင်း ငလျင်လှုပ်ပြီးနောက် ဆူနာမီသတိပေးချက် ရုပ်သိမ်း
(ဓာတ်ပုံ - အီးပီအေ)

ဂျပန်မိုးလေဝသအေဂျင်စီ (JMA)က တိုင်းထွာရရှိခဲ့တဲ့ ပြင်အား ရ.၄ ရစ်ချစ်တာစကေးရှိ ငလျင်တစ်ခု ဖူကူရှီးမား အရှေ့မြောက်ပိုင်း စီရင်စုရဲ့ ကမ်းလွန်မှာ ဗဟိုပြု လှုပ်ခတ်သွားခဲ့ပြီးနောက် အင်္ဂါနေ့ အစောပိုင်းမှာပဲ ဆူနာမီသတိပေးချက် ရုပ်သိမ်းခဲ့ပါတယ်။

အမေရိကန်ဘူမိတိုင်းတာရေးဌာနက အစောပိုင်းမှာ ငလျင်ပြင်းအားကို ရ.၃ ခန့်မှန်းခဲ့ရာမှ နောက်ပိုင်း အဆင့် ၆.၉ သို့ လျှော့ချသတ်မှတ်ခဲ့ပါတယ်။  ဂျပန်မိုးလေဝသအေဂျင်စီက အဆိုပါငလျင်အား ပြင်းအား ရ.၄ အဆင့် ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

တိုကျိုကပင် ခံစားရတဲ့ အဆိုပါငလျင်ဟာ ဖူကူရှီးမားပြည်နယ်ကမ်းလွန်တွင် အနက် ၁၀ ကီလိုမီတာမှာ ဒေသစံတော်ချိန် ၅ နာရီ ၅၉ မိနစ်တွင် ဗဟိုပြုလှုပ်ခဲ့တာဖြစ်ပါတယ်။

ငလျင်လှုပ်ပြီးနောက် သတိပေးချက်ကို ၆ နာရီနီးပါးကြာ ဂျပန်မိုးလေဝသအေဂျင်စီက စောင့်ကြည့်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၅၀ မိနစ်မှ ဆူနာမီ သတိပေးချက် ရုပ်သိမ်းဖို့ ဂျပန်မိုးလေဝသအေဂျင်စီက ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က ဖူကူရှီမားမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၉ အဆင့်ရှိ ပြင်းထန်လှတဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းကြောင့် လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့ကာ ဖူကူရှီးမား ဒိုင်အိချိ  နျူကလီးယားကပ်ဘေး ဆိုက်ရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်း - ဂျပန်မြောက်ပိုင်းတွင် ပြင်းအား ၆ ဒဿမ ၉ အဆင့်ရှိငလျင်လှုပ်ပြီး ဆူနာမီလှိုင်းများ ဖြစ်ပေါ်

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required