ဘင်ဖီကာနောက်ခံလူ လင်ဒီလော့ဖ်ကို ပေါင် ၂၆ သန်းဖြင့် မန်ယူ ခေါ်ယူလို

ဘင်ဖီကာနောက်ခံလူ လင်ဒီလော့ဖ်ကို ပေါင် ၂၆ သန်းဖြင့် မန်ယူ ခေါ်ယူလို

နိုဝင်ဘာ ၁၂၊ မန်ချက်စတာ။         ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ဘင်ဖီကာနောက်ခံလူ လင်ဒီလော့ဖ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကမ်းလှမ်းရန် စဉ်းစားနေသည်ဟု A Bola သတင်းတွင် ဖော်ပြထားသည်။

နည်းပြမော်ရင်ဟိုသည် နောက်တန်းကို အင်အားဖြည့်တင်းလိုနေပြီး ချယ်လ်ဆီး၊ ဂျူဗင်တပ်နှင့် ပီအက်စ်ဂျီတို့က စိတ်ဝင်စား နေသည့် ဆွီဒင်လက်ရွေးစင်ကစားသမားကို ကမ်းလှမ်းရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်သာရှိသေးသည့် ဗစ်တာ လင်ဒီလော့ဖ်၏ စာချုပ်ပါပြောင်းရွှေ့ကြေးမှာ ပေါင် ၂၆ သန်းဖြစ်သည်ဟု A Bola က ဖော်ပြထားသည်။

မန်ယူအနေဖြင့် အသင်းတွင် ရုန်းကန်နေရသည့် အီတလီလက်ရွေးစင်နောက်ခံလူ ဒါမီယန်၏ နေရာတွင် အစားထိုးရန် လင်ဒီလော့ဖ်ကို စိတ်ဝင်စားနေခြင်းဖြစ်သည်။

အရပ်အမောင်း ၆ ပေ ၂ လက်မ မြင့်မားသည့် လင်ဒီလော့ဖ်သည် ဘင်ဖီကာ စီနီယာအသင်းတွင် ၂၀၁၃ ခုနှစ်မှ စတင် ကစားခွင့်ရ ခဲ့သော်လည်း ၂၅ ပွဲသာ ကစားရသေးသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required