မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ခဲ့သည့် မိခင် အမှုဖွင့်ခံရ

မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ခဲ့သည့် မိခင် အမှုဖွင့်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် မွေးကင်းစ ကလေးငယ်တစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ရသဖြင့် စွန့်ပစ်ခဲ့သူ မိခင်အား နိုဝင်ဘာ ၁၀ ရက်က အမှုဖွင့်လှစ်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ- ရေဦးမြို့နယ်၊ လက်မထောင်ကျေးရွာအနီး၊ စောမဲချောင်းအတွင်းတွင် ယခုလ ၉ ရက်နေ့က မွေးကင်းစ ကလေးငယ်(အမျိုးသမီး) အလောင်းအား တွေ့ရှိခဲ့ရသည်။ ကျေးရွာရှိ ရပ်မိရပ်ဖများနှင့်   ကျေးရွာဒေသခံများမှ စုံစမ်းခဲ့ရာ အဆိုပါ ကျေးရွာနေ မသင်းသင်းစိုး(၁၉)နှစ်၊ (ဘ)ဦးမျိုးမြင့်၊ ဆိုသူဖြစ်ပြီး မွေးဖွားပြီး တိတ်တဆိတ် စွန့်ပစ်ထားကြောင်း စုံစမ်း သိရှိရသဖြင့် ယခုကဲ့သို့ အမှုဖွင့်လှစ်ခဲ့ခြင်း   ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် မွေးကင်းစ ကလေးငယ်အား စွန့်ပစ်ခဲ့သူ မသင်းသင်းစိုးအား ရေဦးမြို့နယ်၊ တင်းတိန်ယံ နယ်မြေရဲစခန်း (ပ)၃၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၁၈ အရ အမှုရေးဖွင့်ကာ၊ တရားခံဖမ်းဆီး ရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly