တွမ်ဟစ်ဒဲလ်ဆတန် နဲ့ လမ်းခွဲလိုက်ပေမယ့် ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ တေလာဆွစ်ဖ်

တွမ်ဟစ်ဒဲလ်ဆတန် နဲ့ လမ်းခွဲလိုက်ပေမယ့် ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ တေလာဆွစ်ဖ်

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၁၄ ။           ။ ပေ့ါပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် ဗြိတိန် သရုပ်ဆောင်မင်းသား တွမ်ဟစ်ဒဲလ်ဆတန်နှင့် လမ်းခွဲလိုက်ပြီးနောက် တစ်ရက်အကြာတွင် သူငယ်ချင်းဖြစ်သူ လီလီအဲလ်ဒရက်ချ်နှင့် ညစာ အတူထွက်စားခဲ့ပြီး   နောက်တစ်ရက်တွင် သူငယ်ချင်းဖြစ်သူ မာသာဟန့်နှင့်အတူ ဂီဂီဟားဒစ်၏ ဖျော်ဖြေပွဲတွင် ရယ်မော ပျော်ရွှင်လျက်ရှိသည်။

“ တေလာဟာ တွမ်ဟစ်ဒဲလ်ဆတန်နဲ့  လမ်းခွဲခဲ့တယ်။ ဒါပေမဲ့ တေလာဟာ အရမ်းကိုပျော်ရွှင်နေပါတယ် ”ဟု သတင်းအရင်းမြစ်တစ်ခုက  People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

တေလာသည် တစ်ဖက်တွင်လည်း တေးသီချင်း အသစ်အတွက် လုပ်ဆောင်နေပြီး မိန်းကလေး သူငယ်ချင်းများနှင့်အတူ   အားကစားရုံသို့ သွားကာ အချိန်များ ကုန်ဆုံးလျက်ရှိသည်။ စက်တင်ဘာ ၁၂ရက် ညက  တေလာသည် ဂီဂီဟာဒစ် နှင့် ဂီဂီ၏ ချစ်သူဖြစ်သူ ဇေယန်မားလစ်ခ်နှင့်အတူ နယူးယော့ခ်မြို့တွင် ညဘက်ထွက်လည်ခဲ့သည်။

အသက်  ၂၆ နှစ်အရွယ်ရှိ တေလာ နှင့် အသက် ၃၅ နှစ်အရွယ်ရှိ တွမ်ဟစ်ဒဲလ်ဆတန်တို့သည် သုံးလကြာတွဲပြီးနောက် လမ်းခွဲခဲ့ခြင်းဖြစ်သည်။  တေလာ နှင့် တွမ်ဟစ်ဒဲလ်ဆတန်တို့သည် ကမ်းခြေတွင် အနမ်းခြွေနေသည့် ဓာတ်ပုံများ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇွန်လလယ်က ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးသည် လူသိရှင်ကြား သိရှိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required