ဆိုးလ် ၊ စက်တင်ဘာ ၃ ။ ။ တောင်ကိုရီးယား ရုပ်သံလိုင်းတစ်ခုဖြစ်သော JTBC ရုပ်သံလိုင်း၏ “ Fantastic” ဒရမ်မာဇာတ်ကား ပထမပိုင်းကို စက်တင်ဘာ ၂ရက်က ထုတ်လွှင့်ပြသခဲ့ရာ ကြည့်ရှုသူ ၂ဒသမ၄ ရာခိုင်နှုန်းဖြင့် ကြည့်ရှုမှုနှုန်းကို ထိန်းရန် ကြိုးစားနေသော ဒရမ်မာရုပ်သံဇာတ်လမ်းများစံချိန်ကို ချိုးဖျက်ခဲ့သည်။
ပွဲဦးထွက် ပြသစဉ် ကြည့်ရှုမှုနှုန်း ၁ဒသမ၃ ရာခိုင်နှုန်း နှင့် နောက်ဆုံးပိုင်းပြသစဉ် ကြည့်ရှုမှုနှုန်း ၂ဒသမ၁ ရာခိုင်နှုန်း ရရှိထားသော “ Age of Youth” ဒရမ်မာဇာတ်ကား စံချိန်ကို ကျော်လွန်ခဲ့သည်။
အချစ်ဟာသ ဇာတ်မြူးဒရမ်မာ ဇာတ်ကား တွင် ကင်ဟွန်ဂျို ၊ ဂျိုဆောင်ဝုခ် နှင့် ဂျီဆိုတို့ ပါဝင်သရုပ်ဆောင်ထားပြီး အောင်မြင်ကျော်ကြားသော ဒရမ်မာဇာတ်လမ်း ရေးသူအကြောင်းကို ပုံဖော်ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။