အာဇာနည်နေ့ ၁၀ နာရီ ၃၇ မိနစ်တွင် ဖုန်း Alarm ဖွင့်ကာ စက္ကန့် ၉၀ ငြိမ်သက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် တိုက်တွန်း

အာဇာနည်နေ့ ၁၀ နာရီ ၃၇ မိနစ်တွင် ဖုန်း Alarm ဖွင့်ကာ စက္ကန့် ၉၀ ငြိမ်သက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် တိုက်တွန်း

ပုသိမ်၊ ဇူလိုင် ၁၃ ။  ။ ၆၉နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မိုဘိုင်းဖုန်း Alarm Ring Tone များဖွင့်ပြီး စက္ကန့် ၉၀ ငြိမ်သက်ကာ ပြည်သူများ ပူးပေါင်းပါဝင် ဂုဏ်ပြုရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီက ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးသားကာ တိုက်တွန်းထားသည်။ 

"၁၉.၀၇.၂၀၁၆ ရက်နေ့တွင် ကျရောက်မည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ ၁၀း၃၇ မိနစ်တွင်မိမိတို့၏ မိုဘိုင်းဖုန်း Alarm Ring Tone များဖွင့်၍ လည်းကောင်း၊ ကား၊ ရထား၊ ဆိုင်ကယ်၊ ရေယာဉ်၊ မော်တော်၊ သဘောၤ၊ ဆန်စက်များက ဥသြဟွန်းရှည် စက္ကန့် ၉၀ ဆွဲ ၍လည်းကောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရောက်ရှိရာနေရာတွင် ငြိမ်သက်ရပ်တန့်၍ လည်းကောင်းကျွန်ုပ်တို့ချစ်ခင်လေးစားရပါသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။" ဟု ရေးသားထားသည်။

၆၉နှစ်မြောက် အာဇာနည်နေ့တွင် တိုင်းဒေသကြီးအစိုးရမှ ပုသိမ်မြို့၊ ပြည်ထောင်စုကွင်း အာဇာနည်ကျောက်တိုင်တွင် နံနက်ရး၃၀နာရီတွင် လွမ်းသူပန်းခွေ့ချခြင်း၊ ၁၀နာရီ ၃၇မိနစ်တွင် ပြည်သူများနှင့်အတူ အလေးပြုမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။

အာဇာနည်နေ့တွင် ပုသိမ်မြို့လမ်းဆုံများတွင် မီးသတ်ကားများ၊ လူမှုရေးအသင်းမှ ကားများ ဥသြဆွဲမည်ဖြစ်ပြိး၊မြစ်ကြောင်းအတွင်းမှ သင်္ဘောများ ပါဥသြဆွဲမည်ဖြစ်သည်။

ပုသိမ်မြို့၊မြို့တော်ခန်းမတွင် ဗိုလ်ချုပ်မိန့်ခွန့်များ အာဇာနည်သီးချင်းများဖွင့်လှစ်ပြီး၊ကျောင်းသားများ အာဇာနည်နေ့စာစီစာကုံးပြိုင်ပွဲများ၊ ပြခန်းများဖွင့်လှစ်ပြသထားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required