လီမင်ဟို အနုပညာသက်တမ်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

လီမင်ဟို အနုပညာသက်တမ်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

ဆိုးလ်၊ မေ ၁၁ ။              ။ တောင်ကိုရီးယား မင်းသား လီမင်ဟိုသည် အနုပညာသက်တမ်း ဆယ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပရိတ်သတ်များ ပေးထားသော လက်ဆောင်ပစ္စည်းများနှင့် ဓာတ်ပုံရိုက်ကာ ၎င်း၏ Instagram အကောင့်တွင် မေ ၁၀ ရက်က တင်ခဲ့သည်။

အဆိုပါ ဓာတ်ပုံကို ၎င်း၏ ရုံးခန်း အစည်းအဝေးခန်းမတွင် ရိုက်ခဲ့ခြင်းဖြစ်သည်။ ကိတ်မုန့်များ အနက် ကိတ်မုန့်တစ်ခုတွင် လွန်ခဲ့သည့်ဆယ်နှစ်က KBS 2TV ရုပ်သံ၏ “Boys Over Flowers”  ဇာတ်ကားတွင် ဂူဂျွန်ဖြိုး ဇာတ်ကောင်စရိုက်နှင့် SBS ရုပ်သံ၏ “The Heirs” ဇာတ်ကားတွင် ကင်ထန် ဇာတ်ကောင်းစရိုက်အပါအဝင် ၎င်းသရုပ်ဆောင်ခဲ့သော ဇာတ်ကောင်စရိုက်များကို ကိုယ်စားပြုသော အရုပ်များဖြင့် အလှဆင်ထားသည်ကို တွေ့ရသည်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သော မင်းသား လီမင်ဟိုသည် ၂၀၀၆ ခုနှစ်က EBS ရုပ်သံ၏ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ “Secret Campus” ကို ပွဲဦးထွက် စတင်ရိုက်ကူးခဲ့သော်လည်း ယင်းမ တိုင်မီ ၂၀၀၃ ခုနှစ်နောက်ပိုင်းက ခေါင်းဆောင်မင်းသားနေရာမှ မဟုတ်ဘဲ ဇာတ်ရုပ်ငယ်များတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

လီသည် မကြာမီ ထုတ်လွှင့်ပြသမည့် ကိုရီးယား - တရုတ် အက်ရှင်ရုပ်ရှင်ကား “Bounty Hunters” တွင် ဟောင်ကောင် သရုပ်ဆောင်မင်းသား အဆိုတော် Wallace Chung နှင့် တရုတ် မင်းသမီး Tiffany Yang တို့နှင့်အတူ သရုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းရုပ်ရှင်ကားကို တရုတ်နိုင်ငံ၌ ဇွန် ၉ ရက်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required