ရန်ကုန်မှ ဦးပိုင်ကုမ္ပဏီကားဝန်း ပစ်ခတ်တိုက်ခိုက်ခံရ

By ဂန္ဒမာ (မဇ္ဈိမ)
30 November 2023
ရန်ကုန်မှ ဦးပိုင်ကုမ္ပဏီကားဝန်း ပစ်ခတ်တိုက်ခိုက်ခံရ
ပုံအညွှန်း - တိုက်ခိုက်ခံရသည့် ဦးပိုင်ကားဝန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဂျပန်လမ်းရှိ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကားဝန်းအား  မြို့ပြအထူးစစ်ဆင်ရေးအဖြစ် ၄၀ မမဖြင့် ပစ်ခတ်ခဲ့ကြောင်း တိုက်ခိုက်မှုပြုလုပ်သည့် စစ်ဆင်‌ရေးတာဝန်ခံများထံမှသိရသည်။

ဦးပိုင်ကုမ္ပဏီကားဝန်းအား ယနေ့ နိုဝင်ဘာ ၂၉ ရက် ၊ ည ၇ နာရီ ၄၀ မိနစ်အချိန်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

မြို့ပြအထူးစစ်ဆင်ရေး(USO)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက “ထိခိုက်မှုအရေအတွက်တော့မသိသေးပါဘူး။ ကုန်ကားနဲ့အဆောက်အဦးရုံးကို ထိမှန်အောင်တော့တိုက်ခိုက်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

ယနေ့ည ၇နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်ကွဲသံနှစ်ကြိမ်ကြားလိုက်ရသည်ဟု အင်းစိန်မြို့ဒေသခံတဦးကပြောသည်။
 
USO ဆိုသည်မှာ အဖွဲ့အစည်းအမည်မဟုတ်ဘဲ စစ်ဆင်ရေးအမည်ဖြစ်သည်။ Urban Special Operation- မြို့ပြအထူးစစ်ဆင်ရေးဟု ခေါ်ဆိုသည်။ USO စစ်ဆင်ရေးအား ရန်ကုန်မြို့၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင်စတင်ခဲ့ရာ ယခုတိုက်ခိုက်မှုသည် ခြောက်ကြိမ်မြောက်ဖြစ်သည်။ 

ထို့အပြင် စစ်ရေးပစ်မှတ်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း USOက အသိပေးထားသည်။

စာတည်း - အေးချမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly