လူ့သိက္ခာ၊ စစ်သားသိက္ခာအတွက် စစ်ကောင်စီတပ်သားတွေ ဆုံးဖြတ်ရမယ့်အချိန်ရောက်ပြီ

By မဇ္ဈိမ 
08 November 2023
လူ့သိက္ခာ၊ စစ်သားသိက္ခာအတွက် စစ်ကောင်စီတပ်သားတွေ ဆုံးဖြတ်ရမယ့်အချိန်ရောက်ပြီ

အောက်တိုဘာ ၂၇ ရက်ကစတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေရဲ့စစ်ဆင်ရေး ဟာ အချိန်တိုအတွင်း ရှမ်းမြောက်ပိုင်းအပြင် ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းအထိ ရောက်လာခဲ့တာ တွေ့ရပါတယ်။ စစ်ဆင်ရေး ၅ ရက်တာအတွင်းစစ်ကောင်စီရဲ့ စခန်းကြီး၊ စခန်းငယ်၊ စစ်ဘက်ဆိုင်ရာ တပ်စခန်း ပေါင်း ၈၀ ကျော်ကိုသိမ်းဆည်းနိုင်ခဲ့တဲ့အပြင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တွေကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ရှမ်းမြောက်ပိုင်း စစ်ရေးအခြေအနေနဲ့ပတ်သက်လို့သတင်းထုတ်ပြန် ရာမှာလည်း စစ်ကောင်စီအနေနဲ့ မြို့ ၃ ခုကိုလက်လွှတ်လိုက်ရပြီဖြစ်တယ်လို့ဝန်ခံထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required