တရုတ်နှင့် စီမံကိန်းကြီးများ လုပ်ကိုင်လိုဟု စစ်ကောင်စီ ဒုဝန်ကြီးချုပ် ဦးသန်းဆွေက တရုတ်သံအမတ်နှင့် အောက်တိုဘာ ၂၃ ရက်က နေပြည်တော်တွင်တွေ့ဆုံစဉ် ပြောသည်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုအား လမ်းညွှန်မှု သဘောထားကာ တရုတ်နှင့်အတူ ညှိနှိုင်းမှုမြှင့်တင်၍ စီမံကိန်းကြီးများ၊ အပြန်အလှန်ချိတ်ဆက်မှု၊ လျှပ်စစ်၊ ဘဏ္ဍာရေး၊ ပြည်သူ့လူနေဘဝအကျိုးပြုရေး စသည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်လိုကြောင်း ဒု၀န်ကြီးချုပ် နိုင်ငံခြားရေး ၀န်ကြီး ဦးသန်းဆွေက တရုတ်သံအမတ် ချန်ဟိုင်ကို ပြောသည်။
တရုတ်သံအမတ်က တရုတ်-မြန်မာ နှစ်နိုင်ငံသည် စီးပွားရေး စင်္ကြံတည်ဆောက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်နေပြီး၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု၍ မြန်မာပြည်သူတစ်ရပ်လုံးကို အကျိုးဖြစ်ထွန်းစေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ယခုအကြိမ် ထိပ်သီးဖိုရမ်ရလဒ်သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်သွားလိုပြီး သမ္မတရှီကျင့်ဖျင်က ထုတ်ပြန်ကြေညာသည့် တရုတ်နိုင်ငံက “Belt and Road” အရည်အသွေးမြင့်အတူတကွတည်ဆောက်မှုအား ထောက်ခံအားပေးသည့် လှုပ်ရှားမှု ၈ ရပ် မြန်မာနိုင်ငံတွင် ဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကာ စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်မှုကို အတူဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ပြုလုပ်သည့် Belt and Road ဆယ်နှစ်ပြည့်အခမ်းအနားသို့ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက် ခွင့်ရခဲ့သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာတက်ရောက် ခွင့်မရဘဲ ဒု၀န်ကြီးချုပ် မြထွန်းဦးသာ တက်ရောက်ခဲ့ရသည်။