မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။