အမျိုးသားညီညွတ်ရေးအစိုးရ NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ငါးရင်းကို လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဌာနက ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်မှု အခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားကို မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူများ၊ တပ်ရင်းမှူးများနှင့် ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်း တာဝန်ခံမှ မိန့်ခွန်းပြောကြားခြင်း၊ တာဝန်ရှိသူများမှ တပ်ရင်း ငါးရင်းကို လက်နက်တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တစ်နှစ်မဟာဗျုဟာနှင့်အညီ စစ်ဆင်ရေးစီမံချက်များကို အကောင်အထည်ဖော်နေပြီး လက်နက်တပ် ဆင်မှုများကိုလည်း စဉ်ဆက်မပြတ် အားထုတ်ကြိုးစားနေကြောင်းလည်း NUG ကာကွယ်ရေးဌာနက ပြောဆိုသည်။
စာတည်း။ ။ နောင်နောင်