မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်း

မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်း

နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနဲ့ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စကာ သွားလာခွင့်များနဲ့ ကူညီခွင့်များအား စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကနေ ခွင့်ပြုထားတဲ့ ခရီးသွားလာခွင့်တွေကို ရပ်ဆိုင်းလိုက်တဲ့အကြောင်း ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ကလက်မှတ်ထိုးပြီး ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့  ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း ဒေသခံပြည်သူ သေဆုံးသူ ၁၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦးနဲ့ ပျောက်ဆုံးသူ ၃ ဦးရှိတဲ့အပြင် လူ တစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ကာ  လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required