တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျေးရွာ နှစ်ရွာရှိ စျေးနှင့် နေရာ အချို့တို့တွင် တော်လှန်ရေး အင်အားစု လူငယ်များက ဦးဆောင်ပြီး လူထု စည်းရုံးရေး အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှသ သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် စည်းရုံးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ထိုင်းနိုင်ငံပိုင် PTTEP/ PTT ကုမ္ပဏီအား ဆန့်ကျင်ကြရန်နှင့် လက်နက်မဲ့ လူထုတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြရန် စည်းရုံးဟောပြောပြီး တော်လှန်ရေး ကြွေးကြော်သံများနှင့် ကြွေးကြော်ခဲ့ကြောင်း သိရသည်။
ယင်း အဖွဲ့၏ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီအနေဖြင့် လူထုစည်းရုံး အသိပညာပေးလှုပ်ရှားမှုများကို အစဉ်တစိုက် လုပ်ဆောင်လျှက်ရှိပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျေးရွာပေါင်း ၁၆ ရွာ၌ လူထုစည်းရုံးရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)