ပုံဟောင်းများအသုံးပြုပြီး သတင်းထောက်များက လက်နက်ကိုင်များနှင့်ပူးပေါင်းကာ လိမ်ညာရန်ကြိုး ပမ်းဟု ဖြန့်ဝေနေ

ပုံဟောင်းများအသုံးပြုပြီး သတင်းထောက်များက လက်နက်ကိုင်များနှင့်ပူးပေါင်းကာ လိမ်ညာရန်ကြိုး ပမ်းဟု ဖြန့်ဝေနေ

မဇ္ဈိမ။    ။လက်နက်ကိုင်တပ်သားများကို ရိုက်ကူးနေသည့်ပုံများဖြင့် သတင်းဌာနများကလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လုပ်ကြံဇာတ်များပြုလုပ်နေကြောင်း ပျံ့နှံ့နေသည်။ ယင်းပုံများမှာ ပုံဟောင်းများသာ ဖြစ်သည်။ သတင်းစောင့်ဖတ်သူ ၁၉,၀၀၀ ကျော်ရှိသည့် ဘညွှန့် တယ်လီဂရမ်ချန်နယ်မှ DVB စာတန်းပါ အင်္ကျီ ဝတ်ဆင်ထားသူတစ်ဦးမှ လက်နက်ကိုင်တပ်သားတစ်ဦး၏ မှတ်တမ်းရယူနေသည့်ပုံနှင့်အတူ ဓာတ်ပုံ ဆရာများက ရင်ခွင်ပိုက်ကလေးငယ်နှင့် အမျိုးသမီးတစ်ဦးအား ဓာတ်ပုံဝိုင်းရိုက်နေသည့်ပုံဖြင့် စတင်ဖြန့် ဝေခဲ့သည်။ 

အလားတူပုံဖြင့်ပင် အခြားချန်နယ်များကလည်းဖြန့်ဝေနေကြပြီး ကြည့်ရှုသူပေါင်း ၈၀,၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။ အလားတူ ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ ထိုပုံဖြင့်ပင် ၂၀၂၁ ခုနှစ် ဇွန်လကလည်း မီဒီယာကို တိုက်ခိုက်သည့်ပိုစ့်များ တွစ်တာတွင် ပျံ့နှံ့ခဲ့ဖူးသည်။ 

မဇ္ဈိမ၏ အချက်အလက် စစ်ဆေးသူများမှ ထိုပုံများ၏ ရာဇဝင်ကို စစ်ဆေးခဲ့ပြီး ပုံဟောင်းများဖြစ်ကြောင်း တွေ့ရသည်။

DVB သတင်းထောက်၏ ပုံမှာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်ကတည်းက စစ်တပ်မှ ဝါဒဖြန့်ချိရာတွင် အသုံးပြုနေခဲ့သည့် ပုံဖြစ်သည်။ ပုံပါ သတင်းထောက်မှာ ကိုခွန်ဇော်ဦးဖြစ်ပြီး ၎င်းကို မဇ္ဈိမမှဆက်သွယ် မေးမြန်းခဲ့ရာ “လွန်ခဲ့တဲ့ ၂၀၁၆ ကတည်းက ရှမ်းပြည်မြောက်ပိုင်း RCSS/SSA ရဲ့ ရှေ့တန်းတပ်စခန်းတစ်ခု မှာ သတင်းသွားယူရင်း ရိုက်ထားတဲ့ပုံပါ၊ ကျွန်တော့်ဖေ့စ်ဘုတ်အကောင့်မှာပဲ တင်ထားတဲ့ပုံဖြစ်ပါတယ်” ဟု ဆိုသည်။ 

စစ်ကောင်စီထောက်ခံသူများက ထိုသို့ဖြန့်ဝေနေမှုပတ်သက်၍ “သတင်းမီဒီယာတွေကို တိုက်ခိုက်ပြီး သားဖြစ်သလို သူ့လူတွေကိုလည်း စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာဖြစ်တယ်လို့ ယူဆတယ်ဗျ” ဟုလည်း ဆို သည်။ 

ရင်ခွင်ပိုက်အမျိုးသမီး၏ဓာတ်ပုံမှာလည်း ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်အခြေစိုက် "Vietnam News" သတင်းဌာနမှ ဆောင်းပါးရေးသားရာတွင်အသုံးပြုထားသည့် သတင်းဓာတ်ပုံဖြစ်သည်။ ထိုဆောင်းပါး တွင် ဓာတ်ပုံဆရာများ၏ ဓာတ်ပုံရှုထောင့်အမျိူးမျိူးနှင့် မတူညီသည့်အကြောင်းအရာများကို ရေးသား ထား သည်။
Vietnum News ၏ သတင်းလင်ခ့် - http://bit.ly/3lCAWCM

ထို့ကြောင့် လက်ရှိပျံ့နှံ့နေသည့် သတင်းဌာနများနှင့်လက်နက်ကိုင်များ အတူတူပူးပေါင်းနေသည်ဆိုသော ဓာတ်ပုံများမှာ DVB သတင်းထောက်တစ်ဦး၏ ပုံဟောင်းနှင့် ဗီယက်နမ်မှ ဓာတ်ပုံဆရာများ၏ ဓာတ်ပုံ ရိုက်ကူးမှုများမှ ပုံဟောင်းများအသုံးပြုကာ သတင်းဌာနများအား အထင်အမြင်လွဲမှားစေရန် ဖန်တီးထား သည့် သတင်းတစ်ပုဒ်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required