နှစ်စဉ်ဒေါ်လာ၃၀ဝဘီလီယံကျော်တန်ဖိုးရှိတစ်ပိုင်းလျှပ်ကူးပစ္စည်းများကိုတရုတ်ကတင်သွင်းနေရခြင်းကြောင့် နည်းပညာမြင့်မားသည့်မိုက်ခရိုချစ်ပ်များရယူရန်အပြင်းအထန်ကြိုးပမ်းနေသည်။
အမေရိကန်ကပိတ်ဆို့ကန့်သတ်မှုများချမှတ်ထားခြင်းကြောင့်မိုက်ခရိုချစ်ပ်များကိုရယူရန်ခက်ခဲနေကြောင်း အင်ဒို-ပစိဖိတ်မဟာဗျူဟာဆက်သွယ်ရေးစင်တာ (IPCSC) ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကန့်သတ်ချက်များကြောင့်စစ်ဘက်နှင့်စောင့်ကြည့်ရေးနယ်ပယ်များတွင်တရုတ်ကဉာဏ်ရည်တုစနစ်များ၊ပါဝါအဆင့်မြင့်အက်ပ်ပလီကေးရှင်းများကိုလေ့ကျင့်ရန်အခက်အခဲဖြစ်နေကြောင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။
အမေရိကန်စက်ပစ္စည်းများအသုံးပြုထားသည့်တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်များကိုကမ္ဘာ့မည်သည့်နေရာမှတရုတ်ကဝယ်ယူခြင်းမပြုနိုင်ရန်တားမြစ်သည့်အစီအမံများကိုအောက်တိုဘာလတွင်အမေရိကန်အစိုးရကပို့ကုန်ထိန်း ချုပ်မှုပုံဖြင့်တားမြစ်ခဲ့သည်။
ကမ္ဘာ့မည်သည့်နေရာမှတရုတ်ကအဆင့်မြင့်မိုက်ခရိုချစ်ပ်များကိုမဝယ်ယူနိုင်စေရန်ထိုအချိန်မှစ၍ဥရောပနှင့် အမေရိကန်မဟာမိတ်များကလုပ်ဆောင်ခဲ့ကြသည်။
ဂျာမနီချစ်ပ်ထုတ်လုပ်သည့်စက်ရုံElmosအားတရုတ်ကုမ္ပဏီSi Microelectronics ကဝယ်ယူခြင်းကို ဂျာမနီအစိုးရက နိုဝင်ဘာလတွင် တားမြစ်ခဲ့သည်။
ဘာဗာရီရာအခြေစိုက်ERS အီလက်ထရွန်းနစ်တွင်တရုတ်ရင်းနှီးမြှုပ်နှံမှုကိုလည်းဂျာမနီကတားမြစ်ခဲ့သည်။
ဗြိတိန်အစိုးရသည်နိုဝင်ဘာလတွင်ပင်တရုတ်ကုမ္ပဏီWingtechကဗြိတိန်၏အကြီးဆုံးမိုက်ခရိုချစ်ပ်စက်ရုံNexperiaကိုလွှဲပြောင်းရယူခြင်းကိုတားမြစ်ခဲ့သည်။
လွန်ခဲ့သည့်နှစ်၃၀အတွင်းပြည်တွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းတစ်ခုတည်ဆောက်ရန်ဒေါ်လာဘီလီယံပေါင်းများစွာ တရုတ်ကသုံးစွဲခဲ့သည်ဟုIPCSC ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။