စီးပွားရေးကျဆင်းနေချိန်တွင် တရုတ်၏ အရှိန်အဟုန်မြင့်သောတိုးတက်မှု အဆုံးသတ်သွားပုံရကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

စီးပွားရေးကျဆင်းနေချိန်တွင် တရုတ်၏ အရှိန်အဟုန်မြင့်သောတိုးတက်မှု အဆုံးသတ်သွားပုံရကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

တရုတ်စီးပွားရေးအဆက်မပြတ်အကျပ်အတည်းများဖြစ်ပေါ်နေသဖြင့်အရှိန်အဟုန်မြင့်သောတိုးတက်မှု ခေတ်သည်ကုန်ဆုံးသွားဟန်တူပြီး ဥရောပစီးပွားရေးလုပ်ငန်းများ၏ ၆၀ရာခိုင်နှုန်းနီးပါးကတရုတ်ရှိ နိုင်ငံခြားစီပွား ရေးလုပ်ငန်းများအတွက်ကောင်းမွန်သည့်လက္ခဏာမဟုတ်သည့်၂၀၂၂ခုနှစ်အတွက် ဝင်ငွေခန့်မှန်းချက်များကို လျော့ချထားကြောင်း စစ်တမ်းတစ်ခုက ဖော်ပြသည်။

ကန့်သတ်ချက်အသစ်များနှင့်ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၏တစ်စိတ်တစ်ပိုင်းအပြောင်းအလဲများကြောင့်တရုတ်စီးပွားရေးသည် အေးစက်နေသည်။
 
ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ၊ယူကရိန်းနှင့်ရုရှားအကြားစစ်ပွဲနှင့်အမေရိကန်အပါအဝင်ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကုန်သွယ်ရေး အငြင်းပွားမှုများသည် တရုတ်၏ တိုးတက်မှုအတွက်ဆိုးရွားသော ကန့်သတ်ချက်များ ဖြစ်ပေါ်စေခဲ့သည်ဟု Financial Post ကဖော်ပြခဲ့သည်။

 Financial Post မှကိုးကားဖော်ပြခဲ့သော Oxford Economics ၏စစ်တမ်းတစ်ခုအရ တရုတ်၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး(GDP) သည် ယခုဆယ်စုနှစ်အတွင်း ပျမ်းမျှ၄ဒသမ၅ရာခိုင်နှုန်း တိုးတက်မည်ဟုဆိုသည်။

 တရုတ်၏ဘဏ္ဍာရေးအချက်အချာကျမြို့များတွင် ၂လကြာပိတ်ဆို့မှုများသည် ဧပြီလမှ ဇွန်လသုံးလပတ်အတွင်း တရုတ်စီးပွားရေးတိုးတက်မှုနှုန်းကို သိသိသာသာကျဆင်းစေသည်ဟုသတင်းများတွင် ဖော်ပြထားသည်။

 ၂၀၂၂ခုနှစ်ဒုတိယနှစ်ဝက်တွင်ပြန်လည်ဦးမော့လာရန်မျှော်မှန်းထားသော်လည်း တရားဝင်လျာထားချက် ၅ဒသမ၅ရာခိုင်နှုန်းခန့်သည် ၂၀၂၂ခုနှစ်တွင် ရရှိနိုင်မည်မဟုတ်ကြောင်း စီးပွားရေးပညာရှင်များက ယုံကြည်ထားကြသည်။
 ထို့ပြင်တရုတ်လူဦးရေအခြေအနေသည်ဖွဲ့စည်းပုံဆိုင်ရာအပြောင်းအလဲကိုကြုံတွေ့ခဲ့ရပြီးအလုပ်သမားဈေးကွက်အတွင်းဝယ်လိုအားရောင်းလိုအားကွာဟချက်ကိုလည်းဖန်တီးနေသည်။

 အမေရိကန်၊မဟာမိတ်များနှင့်ဆက်ဆံရေးဆိုးရွားလာခြင်းကြောင့်တိုးတက်မှုနှုန်းသည် ၂၀၃၀-၄၀ ပြည့်နှစ် ကာလအတွင်းပျမ်းမျှအားဖြင့်၃ရာခိုင်နှုန်းခန့်အထ ိနှေးကွေးသွားနိုင်ဖွယ်ရှိကြောင်း Oxford Economics က ခန့်မှန်းထားကြောင်း Finacial Times ၏ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly