ပြင်ဦးလွင်ကနေ ထွက်လာတဲ့စစ်ကောင်စီယာဉ်တန်းကို နောင်ချိုမြို့အနီး အုမ္မတီးလမ်းပိုင်းကနေ TNLA နဲ့ မန္တလေး PDFက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပါတယ်။
နိုဝင်ဘာလ ၁ရက် ညနေကနေ စတင် တိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိသလို ယာဉ်တန်းလည်းရှေ့ဆက်မတိုးနိုင်သေးဘူးလို့ PDF နဲ့ ဒေသခံတွေက ဒီကနေ့ ပြောပါတယ်။
ရုပ်သံတင်ဆက်/တည်းဖြတ်- ဂျူချန်း