ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ။ ။ နိုင်ငံပေါင်း ၂၀ကျော် မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့်Super Model International 2016 ပြိုင်ပွဲကို Mister Of Myanmar Organization မှ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဇူးငယ် ကို ဝင်ရောက် ယှဉ်ပြိုင်ရန် စေလွှတ် သွားမည် ဖြစ်သည်။
Super Model International 2016 ပြိုင်ပွဲကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ တွင် မတ်လ ၁၂ရက် မှ ၂၃ရက် အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး နောက်ဆုံး ပြိုင်ပွဲကို မတ်လ ၂၃ရက်တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။
ထိုပြိုင်ပွဲ အတွက် ဇူးငယ်ကို Mister Of Myanmar Organization မှ သေချာ ရွေးချယ်ထားသလို ပြိုင်ပွဲ အတွက် လိုအပ်သည့် သင်ကြားမှု ပိုင်းများကို လုပ်ဆောင် သွားမည် ဖြစ်ကာ ပြိုင်ပွဲ အတွက် ဝတ်စုံ က အစ စီစဉ် ပေးသွားမည် ဖြစ်သည်။
Super Model International ပြိုင်ပွဲ သည် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဇူးငယ် အတွက် ပထမဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်သလို ပြိုင်ပွဲ အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို လက်ရှိတွင် လေ့ကျင့် လျက် ရှိသည်။
ဇူးငယ် က "ဒီလို ရွေးချယ် ခံရတဲ့ အတွက် ပျော်ပါတယ်။ ဒါက ညီမ အတွက် ပထမဆုံး ပြိုင်ပွဲပါ။ အဲ့ဒီ အတွက် လည်း ရင်ခုန်နေပါတယ်။ အခု လေ့ကျင့်မှုတွေလည်း လုပ်နေပါတယ်။ Talent ပိုင်း အတွက် ကိုတော့ မြန်မာ အကကို ကပြချင်ပါတယ်။ ညီမ ဘက်က အကောင်းဆုံး ကြိုးစား သွားမှာပါ" ဟု ပြောသည်။