မတူပီမြို့က စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ၍ ၁ဦးသေဆုံး

မတူပီမြို့က စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ၍ ၁ဦးသေဆုံး

ဇွန် ၁၄

ချင်းပြည်နယ်၊ မတူပီမြို့၊ မတူပီ-ပလက်ဝလမ်းပေါ်ရှိ စစ်ကောင်စီတပ်ရင်း ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က ယမန်နေ့ဇွန်လ ၁၃ရက်နေ့တွင် ထုတ်ပြန်သည်။

“အဲဒီ ဂိတ်ကနေ ခရီးသွားလာနေတဲ့ သူတွေကို ပုံမှန် စစ်ဆေးနေတဲ့ ဂိတ်တစ်ခုပါ ။ ကျွန်တော်တို့ အလစ်ငိုက်ယူပြီး ပစ်ခတ်ခဲ့တာပါ” ဟု CDF – Matupi ဗျူဟာ ပြန်ကြားရေးမှူး KLB က မဇ္စျိမ ကို ပြောသည်။

ဇွန်လ ၁၁ရက် ညနေ ၅နာရီ ၃၀မိနစ် အချိန်ခန့်က ခလရ (၃၀၄) စစ်ကောင်စီတပ်ရင်း ဂိတ်အား ဝင်ရောက်ပစ်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက် အကျအဆုံး မရှိကြောင်း ဆိုသည်။

ဇွန်လ ၄ရက် နေ့လယ် ၁နာရီခန့်တွင် မတူပီ- ပလက်ဝ လမ်းပေါ်ရှိ ထယ်ဘွေ့စခန်းအား အင်အား ဖြည့်တင်းရန် ခြေလျင်ချီတက်လာသော ခလရ (၃၀၄ ) မှ အင်အား ၅၀ခန့်ရှိသည့် စစ်ကောင်စီတပ်သားများအား ဝလံပီးကျေးရွာနှင့် ကလားကျေးရွာအကြား မိုင်တိုင် ၂၁ နှင့် ၂၂ အကြားတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့ဘက်မှ အထိအခိုက် မရှိကြောင်း CDF – Matupi က ဇွန်လ ၁၁ရက်နေ့တွင် ထုတ်ပြန်သည်။

#ချင်းပြည်နယ်

#မတူပီမြို့

#စစ်ကောင်စီတပ်ဖွဲ့

#ကင်းစခန်း

#တိုက်ခိုက်ခံရ

#CDF–Matupi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly