စီးပွားရေးကျဆင်းမှုကြောင့် ရှီကျင့်ဖျင်၏ သမ္မတသက်တမ်းတတိယအကြိမ်အတွက် အခွင့်အလမ်း မှေးမှိန်လာ

စီးပွားရေးကျဆင်းမှုကြောင့် ရှီကျင့်ဖျင်၏ သမ္မတသက်တမ်းတတိယအကြိမ်အတွက် အခွင့်အလမ်း မှေးမှိန်လာ

တရုတ်စီးပွားရေးကျဆင်းမှု၊ ရုရှားနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံခြားရေးမူဝါဒနှင့် ရှိရင်းစွဲ ခေါင်းဆောင် ဆက်ခံမှု စနစ်ကို ချိုးဖျက်ခြင်းကြောင့် ၂၀၂၂ခုနှစ် ဆောင်းဦးပေါက်တွင် ရှီကျင့်ဖျင်၏ သမ္မတသက်တမ်း တတိယအကြိမ် ရယူနိုင်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ (CCP) အတွင်းတွင် ယုံမှားသံသယများ စတင် ဖြစ်ပေါ်လာသည်။

လက်ရှိ ခေါင်းဆောင် ဆက်ခံမှုစနစ်ကို ချိုးဖျက်မည့် ရှီ၏ ဆန္ဒကို ကွန်မြူနစ်ပါတီ၏ အငြိမ်းစား အကြီးတန်း ခေါင်းဆောင်အချို့က မကြာသေးမီက ဆန့်ကျင်ကြောင်း ဖော်ပြခဲ့သည်ဟု CCP သတင်းရင်းမြစ်များက ဆိုခဲ့သည်။

ရှီ၏ အလွန်အမင်းလက်ဝဲစွန်းရောက်ခြင်းကြောင့် တရုတ်စီးပွားရေးသည် တုန်လှုပ်ချောက်ချားသည့်နှုန်းဖြင့် နှေးကွေးသွားကြောင်းလည်း ၎င်းတို့က စွပ်စွဲထားသည်။

ရှီ၏ ခေါင်းဆောင်မှုကို ဆန့်ကျင်သောအုပ်စုသည် ရှီ၏ နိုင်ငံတော်မှ ပြည်သူသို့ ကူးပြောင်းခြင်းနှင့် တရုတ် နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကို ဖြစ်စေခဲ့သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဗဟိုပြုသည့် စီးပွားရေး မူဝါဒများကို မေးခွန်းထုတ်ခဲ့ကြသည်။

နိုင်ငံတော်ကောင်စီ၏ ဝန်ကြီးချုပ်ဟောင်း ကျူရုံကျိသည် လက်ရှိပါတီခေါင်းဆောင်မှုဆက်ခံမှုစနစ်ကို ချိုးဖောက်ပြီး ၂၀၂၂ခုနှစ်တွင် ပြန်လည်အရွေးခံမည့် အစီအစဉ်ကို ဆန့်ကျင်ကြောင်း၊ ရှီကျင့်ဖျင်၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့သည်ဟု Wall Street Journal က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေး နှေးကွေးမှု၏ ဖိအားအောက်တွင် သမ္မတ ရှီကျင့်ဖျင်ဦးဆောင်သော လက်ဝဲယိမ်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပါတီတွင်းအတိုက်အခံများကြောင့် ရွှေ့ဆိုင်းရန် လိုအပ်နေသည်။

ပါတီတွင်း နိုင်ငံရေးသြဇာရှိဆဲဖြစ်သော အချို့သော ဝါရင့် သို့မဟုတ် အငြိမ်းစား ခေါင်းဆောင် များ ပါဝင်သော CCP ၏ ပါတီတွင်းရင်းမြစ်များကို သတင်းတွင် ကိုးကားဖော်ပြထားသည်။

"ရှီကျင့်ဖျင်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နောက်ပြန်လှည့်မှုသည် သူ၏ အာဏာတွင် အက်ကြောင်းများကို ဖော်ပြသည်" ဟု ခေါင်းစဉ်တပ်ထားသည့် ဆောင်းပါးတွင် ၂၀၂၁ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သြဇာလွှမ်းမိုးနိုင်ခြင်းမရှိဟု မှတ်ချက်ပြုခဲ့သည်။

ယခုအခါ အရင်းရှင်စနစ်နှင့် အနောက်နိုင်ငံများမှ တရုတ်ကို အဝေးသို့ ပို့ဆောင်နေသည့် သူ၏ လုပ်ဆောင် ချက်များသည် တရုတ်စီးပွားရေးကို မသေချာမရေရာမှုအဖြစ်သို့ ထိုးဆင်းစေခဲ့ပြီး အစိုးရအဖွဲ့ကို ကိုင်တွယ်ရာတွင် သိမ်မွေ့သော အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။

ယင်းဆောင်းပါးတွင် CCP သည် ရုရှားနှင့် ချစ်ကြည်ရင်းနှီးမှုကြောင့် မိမိကိုယ်တိုင်အတွက် မခန့်မှန်းနိုင်သော ဆုံးရှုံးမှုများဖြစ်ပေါ်လာမည်ဟုလည်း အထူး ထောက်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly