သိမ်းဆည်းမြေများပြန်လည်စွန့်လွှတ်ရန် တောင်သူတစ်ရာကျော် မတ္တရာထွေအုပ်ရုံးသို့ သွားရောက်တောင်းဆို

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဌာနဆိုင်ရာအသီးသီးမှ သိမ်းယူထားသောပိုလျှံမြေများ ပြန်လည်စွန့်လွှတ်ပေးရန်အတွက် ဒေသခံတောင်သူ ၁၀၀ ကျော်တို့သည် ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ခွဲတွင် မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်တောင်းဆိုလျှက်ရှိပြီး တွေ့ဆုံညှိုနှိုင်းမှု အဆင်မပြေပါက မွန်းလွဲ ၃ နာရီ တွင် သိမ်းဆည်းမြေများထဲမှ အဆိုပါနေရာနှင့်အနီးဆုံး ကွင်းအမှတ် ၂၈၈ ရှိ ဧက ၂၀၀ ကျော်ထဲတွင် ဝင်ရောက်သိမ်းဆည်းပြီး ထွန်ယက်စိုက်ပျိုးမှုများပြုလုပ်သွားမည်ဟု ဒေသခံများကဆိုသည်။
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)