ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်

သြင်္ကန်မိုး၊ မမစိမ်း၊ ပန်းမြိုင်လယ်က ဥယျာဉ်မှုး ၊ ဒဏ္ဍာရီ စသည့် ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးများကို ဖန်တီး ပုံဖော်ခဲ့သော အကယ်ဒမီ ငါးဆုရှင် ဒါရိုက်တာမောင်တင်ဦးသည် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၄ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ကွဲျဆည်ကန် ရှိ နေအိမ်တွင်ကွယ်လွန်သည်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
၎င်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ် ရှိပြီဖြစ်ပြီး အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ သမီး သုံးယောက်နှင့် ဇနီးသည်တို့ကျန်ရစ်သည်။ ဒါရိုက်တာ မောင်တင်ဦးသည် အသက် ၂၇ နှစ်အရွယ်တွင် အနုပညာ လောကသို့စတင်ဝင်ရောက်ခဲ့ပြီး ရှုမဝ ဦးကျော်ထံတွင် ညီဖြစ်သူ အနုပညာရှင် ဇော်ဝမ်းနှင့် အတူ ပညာသင်ယူခဲ့ကာ စေလိုရာစေ ရုပ်ရှင်ဇာတ်ကားကို ရှုမဝဦးကျော်နှင့် တွဲဖက် ရိုက်ကူးခဲ့သည်။
ဒါရိုက်တာမောင်တင်ဦး သည် ၁၉၇၂ ခုနှစ်တွင် နေထွက်သောည ရုပ်ရှင်ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ကာ၊ ၁၉၉၅ ခုနှစ်တွင် တိုက်ပွဲခေါ်သံ၊ ၁၉၈၅ ခုနှစ်တွင် သြင်္ကန်မိုး၊ ၁၉၇၈ ခုနှစ်တွင် တစ်ခါက တစ်ဘဝနှင့် နောက်ဆုံးအကယ်ဒမီဆုကို ၂၀၀၁ ခုနှစ်တွင် နှလုံးလှလူမိုက် ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့ပါသည်။ နာရေးပို့ဆောင်မှုကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် တောင်အင်း၊ မြောက်အင်း သုသာန်သို့ ပို့ဆောင် သြင်္ဂ ိုဟ်မည်ဖြစ်သည်။