မြန်မာ့မြေထည်လက်မှုပညာ အိုးပုတ်ရောင်းပွဲတော်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှ မြန်မာ့မြေထည်လက်မှုပညာ လုပ်ငန်းခွင်မှသည် မြေထည်လက်မှုပစ္စည်းများ ဈေးကွက်နှင့် လူထုအတွင်းသို့ ရောက်ရှိမှုအပြင် မြန်မာ့လူနေမှုပုံစံတွင် ခေတ်များပြောင်းလဲတိုးတက်လာသော်လည်း မြေထည်ပစ္စည်းများကို ဝယ်ယူသုံးစွဲနေဆဲဖြစ်ပြီး မန္တလေးရှိ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အိုးပုတ်နှင့် မြေထည်ပစ္စည်း ရောင်းပွဲတော် ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။ (ဓာတ်ပုံ ဘိုဘို၊မဇ္ဈိမ)မြေထည်လက်မှုပစ္စည်းများဖြစ်သည့် နတ်အိုး၊ ဘုရားပန်းအိုး၊ ပိုက်ဆံစုဘူး၊ ရွှေအိုး၊ ငွေအိုး၊ရေအိုးများအပြင် ကလေးကစားစရာ အိုးပုတ်ချိုးရုပ်များကိုပါ ပွဲတော်တွင်းရောင်းချသည်ကို တွေ့ရသည်။